ကန်ပက်လက်တွင် မိုင်းနင်းမိသည့်အမျိုးသား ယနေ့မနက်ပိုင်း ဆုံးပါး

ကန်ပက်လက်တွင် မိုင်းနင်းမိသည့်အမျိုးသား ယနေ့မနက်ပိုင်း ဆုံးပါး

ယမန်နေ့ သြဂုတ်လ ၂၃ ရက်တွင် ကန်ပက်လက်မြို့၊ ဆယ်မိုင်ကုန်းရပ်ကွက်ရှိ အငြိမ်းစား ရဲဝန်ထမ်းဟောင်းတစ်ဦးသည် ပင်စင်ထုတ်ရန် တောင်ယာမှ မြို့ပေါ်နေအိမ်သို့ ပြန်သွားပြီးနောက် နေအိမ်ဝင်းအတွင်း ဂေါ်ရခါးသီးခူးနေစဥ် မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရသည်။

၎င်း အမျိုးသားအား ကန်ပက်လက်မြို့နယ် ကြက်ခြေနီအသင်းမှ ပခုက္ကူဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ယင်းဒဏ်ရာကြောင့် ယနေ့ သြဂုတ်လ ၂၄ ရက် မနက်ပိုင်း (၂:၃၀) ဝန်းကျင်တွင် အဆိုပါအမျိုးသားကြီးသည် ပခုက္ကူ ဆေးရုံ၌  ဆုံးပါးသွားခဲ့သည်။

ပြည်သူများသည် မြေမြုပ်မိုင်း နှင့် စစ်ကောင်စီ တပ်သားများ၏ ရမ်းသန်း ပစ်ခတ်မှုများကို ကြောက်ရွံ့နေကြရကြောင်း ကန်ပက်လက် ဒေသခံများက ဆိုသည်။

"ကိုယ့်အိမ် ကိုယ့်ရာ၊ ကိုယ့်ခြံ ကိုယ့်ဝင်းထဲ ပြန်ပြီးနေဖို့တောင် ကြောက်လန့်နေရတဲ့ ခေတ်ကြီး ဖြစ်နေပြီ" ဟူ၍ ကန်ပက်လက်မြို့ခံတစ်ဦးမှ ဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်များ၏ ရမ်းသန်းပစ်ခတ်မှုကြောင့် နေအိမ်အတွင်းရှိနေသည့် ကလေးငယ်တစ်ဦး လည်ပင်း ကျည်ထိမှန်ခဲ့ပြီး ဖခင်ဖြစ်သူလည်း ပေါင်တွင် ကျည်ထိမှန်ခဲ့သည်။

ကန်ပက်လက်မြို့နယ်အတွင်း မေလကုန်ပိုင်းမှစ၍ CDF-ကန်ပက်လက်နှင့် စစ်ကောင်စီတပ်များကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

စစ်ဘေးရှောင်နေရသည့် ပြည်သူများ တိုးပွားလာခဲ့ပြီး စစ်ကောင်စီတပ်များမှ မြို့တွင်း သာသနာရေးအဆောက်အဦးများနှင့်ပြည်သူပိုင် နေအိမ်များအား လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ဆက်လက်ဖြစ်ပွားနေသည်။

 
 

 

 

April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...
April 22, 2026
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က NCA ကာလတုန်းက မူဟောင်းကြီးကို ပြန်အစဖော်ပြီး CNF အပါအဝင်...