မွန်ပြည်နယ်၊ သထုံမြို့နယ် ခရိုင်ချင်းဆက်လမ်းပေါ်ရှိ စစ်ကောင်စီရဲ့ အမှတ် (၄၀၂) အမြှောက်တပ်ရင်းကို သြဂုတ်လ ၂၃ ရက်နေ့ မနက်ပိုင်းမှာ ဖောက်ခွဲမှု လုပ်ဆောင်ခဲ့တယ်လို့ သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TDO) က ထုတ်ပြန်လိုက်ပါတယ်။
ဒီဖောက်ခွဲမှုကို ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) နဲ့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တာဖြစ်ပြီး၊ အဲဒီဖောက်ခွဲမှုမှာ စစ်ကောင်စီတပ်ဖွဲ့ ၂ ဦး သေဆုံးခဲ့တယ်လို့ သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
ဒါအပြင့် သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ စစ်ကောင်စီဘက်တော်သား သတင်းပေးဒလန်တွေကို ဆက်လက် သုတ်သင်ရှင်းလင်းသွားမယ်လို့ ဆိုထားပါတယ်။
သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ပြီးခဲတဲ့ ဇူလိုင်လ ၂၄ ရက်နေ့က ပြည်သူတွေကို သေနတ်ပြပြီး ခြိမ်းခြောက်နေတဲ့ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးမြင့်ရွှေကို သုတ်သင်ရှင်းလင်းထားပါတယ်။







