စစ်ကောင်စီအမြှောက်တပ်ကို သထုံ TDO ဖောက်ခွဲရေးလုပ်၊ စစ်ကောင်စီဘက်က ၂ ဦးသေဆုံး

စစ်ကောင်စီအမြှောက်တပ်ကို သထုံ TDO ဖောက်ခွဲရေးလုပ်၊ စစ်ကောင်စီဘက်က ၂ ဦးသေဆုံး

မွန်ပြည်နယ်၊ သထုံမြို့နယ် ခရိုင်ချင်းဆက်လမ်းပေါ်ရှိ စစ်ကောင်စီရဲ့ အမှတ် (၄၀၂) အမြှောက်တပ်ရင်းကို သြဂုတ်လ ၂၃ ရက်နေ့ မနက်ပိုင်းမှာ ဖောက်ခွဲမှု လုပ်ဆောင်ခဲ့တယ်လို့ သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TDO) က ထုတ်ပြန်လိုက်ပါတယ်။

ဒီဖောက်ခွဲမှုကို ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) နဲ့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တာဖြစ်ပြီး၊ အဲဒီဖောက်ခွဲမှုမှာ စစ်ကောင်စီတပ်ဖွဲ့ ၂ ဦး သေဆုံးခဲ့တယ်လို့ သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ဒါအပြင့် သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ စစ်ကောင်စီဘက်တော်သား သတင်းပေးဒလန်တွေကို ဆက်လက် သုတ်သင်ရှင်းလင်းသွားမယ်လို့ ဆိုထားပါတယ်။

သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ပြီးခဲတဲ့ ဇူလိုင်လ ၂၄ ရက်နေ့က ပြည်သူတွေကို သေနတ်ပြပြီး ခြိမ်းခြောက်နေတဲ့ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးမြင့်ရွှေကို သုတ်သင်ရှင်းလင်းထားပါတယ်။

 
 

 

 

Most read this week

ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...