ရှမ်းမြောက် နမ္မတူမြို့နယ်မှ စစ်ရှောင်ဒုုက္ခသည် ၁၄၀ ကျော် နေရပ် ပြန်

ရှမ်းမြောက် နမ္မတူမြို့နယ်မှ စစ်ရှောင်ဒုုက္ခသည် ၁၄၀ ကျော် နေရပ် ပြန်
by -
မဇ္ဈိမ
နမ္မတူမြို့နယ် စစ်ဘေးရှောင်ပြည်သူများအား မေလ ၂၅ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ-ရှမ်းလူငယ်အဖွဲ့ ဥက္ကဋ္ဌ စိုင်းအောင်မြင့်ဦး
နမ္မတူမြို့နယ် စစ်ဘေးရှောင်ပြည်သူများအား မေလ ၂၅ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ-ရှမ်းလူငယ်အဖွဲ့ ဥက္ကဋ္ဌ စိုင်းအောင်မြင့်ဦး
ရှမ်းပြည်နယ်မြောက်ပုုိင်း နမ္မတူမြို့နယ်အတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် တအာင်းတပ်မတော်တိုု့အကြား တုုိက်ပွဲဖြစ်ပွားခဲ့သဖြင့် ဒေသခံ ရွာသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ရာ ယနေ့ မေလ ၃၀ ရက်နေ့တွင် ၁၄၀ ကျော် နေရပ်ပြန်သွားကြပြီ ဖြစ်ကြောင်း နမ္မတူမြို့နယ် ဒုုက္ခသည်စခန်းကူညီရေးအဖွဲ့မှ အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က ပြောသည်။

မေလ ၁၁ ရက်နေ့မှစတင်၍ နမ္မတူမြို့နယ် ဆုုိက်ခေါင်၊ နမ္မဆော့၊ ပန်ဝူး၊ ပိန်လောင်၊ နမ့်ကန်၊ ပိန်လောင်း စသည့် ကျေးရွာများမှ ရွာသား ၃၀၀ ကျော်သည် နမ္မတူမြို့ ရွှေမြင်သာ ဘုုန်းကြီးကျာင်းတုုိက်သုုိ့ လာရောက်ခုုိလှုံနေရာမှ ယနေ့တွင် ကျန်နေသော ရွာသား ၁၄၇ ဦးသည် နေရပ်ရင်းသုုိ့ ပြန်သွားကြပြီ ဖြစ်ကြောင်း သူက မဇ္စျိမကိုု ပြောသည်။

“ဒီနေ့ပဲ ၁၄၇ ယောက် ပြန်သွားတာ။ အခြေအနေကောင်းလုုိ့ ပြန်သွားကြတယ်။ တုုိက်ပွဲ မဖြစ်တော့ဘူးလုုိ့ ပြောတာပဲ။ ကျွန်တော်တိုု့ဆီက ကားနဲ့ပဲ လုုိက်ပုုိ့လုုိက်တာ။ သူတိုု့ လုုပ်ကုုိင် စားသောက်ဖုုိ့အတွက် ပြန်သွားတာ။ အခုုနေလုုိ့ထုုိင်လုုိ့ အရင်လုုိ ရပြီလုုိ့ ပြောတာပဲ။ သူတုုိ့က အခြေအနေကောင်းပြီလုုိ့ယူဆလုုိ့ ပြန်ကြည့်တာပေါ့”ဟုု ဦးအောင်ဆန်းမြင့်က ပြောသည်။

မေလလဆန်းပုုိင်းက တစ်နုုိင်ငံလုံုး ပစ်ခတ်တုုိက်ခုုိက်မှု ရပ်စဲရေးသဘောတူစာချုုပ် (NCA) လက်မှတ်ရေးထိးထားသော RCSS နှင့် NCA လက်မှတ်မထုုိးသေးသော TNLA တိုု့ အကြား တုုိက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာမှုများကြောင့် နမ္မတူမြို့နယ်အတွင်းရှိ ကျေးရွာ ၈ ရွာမှ ရွာသားများသည် မေလ ၁၁ ရက်နေ့မှ စတင်၍ ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်း ဖြစ်သည်။

သုုိ့သော်် နမ္မတူမြို့သုုိ့ ပြီးခဲ့သည့် ၂၀၁၆ ခုုနှစ် ဇူလုုိင်လ ၈ ရက်နေ့က ထွက်ပြေးတိမ်းရှောင်လာသူ စစ်ပြေး ဒုုက္ခသည် ၆၇၀ ကျန်ရှိသေးပြီး စားဝတ်နေရေး အဆင်ပြေကြောင်း သူက ပြောသည်။ လက်ရှိ ကချင်စစ်ပြေးဒုုက္ခသည်စခန်း၊ လီဆူဒုုက္ခသည်စခန်းနှင့် ရှမ်း ဒုုက္ခသည်စခန်း ၃ ခုတွင် ခိုုလှုံနေကြောင်း သိရသည်။

 ပြီးခဲ့သည့် မေလ ၂၆၊၂၇၊ ရက်များတွင် နမ္မတူမြို့နယ် မန်ဆန်ကျေးရွာအနီး တုုိက်ပွဲများ ဖြစ်ပွားခဲ့သဖြင့် ရွာသားများ ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေပြီး ယခုု နေရပ်ရင်းသုုိ့ ပြန်သွားကြပြီဖြစ်ကြောင်း လီဆူ ဒုုက္ခသည်စခန်းမှ တာဝန်ခံ ဦးဝမ်လုုက မေလ ၂၇ ရက်နေ့က မဇ္စျိမကုုိ ပြောဆုုိခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပုုိင်း နမ္မတူမြို့နယ်၊ ကျောက်မဲမြို့နယ် နမ့်ဆန်မြို့နယ်များတွင်း တပ်မတော်နှင့် တအာင်းတပ်မတော်(TNLA)တုုိ့အကြား မေလ ၂၆၊ ၂၇၂၈ ရက်နေ့အထိ တုုိက်ပွဲဖြစ်ပွားနေသည်ဟုု TNLA က သတင်းထုုတ်ပြန်ထားသည်။

May 30, 2026
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးရန်...
May 29, 2026
ပါခွီး — မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ကိစ္စရပ်များအပါအဝင်...
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...