“ဒလန်” စာရင်း ထုတ်ပြန်

“ဒလန်” စာရင်း ထုတ်ပြန်

ဧရာဝတီတိုင်းအတွင်းရှိ စစ်ကောင်စီ၏ ဒလန် (သတင်းပေး) အမည်စာရင်းကို မြစ်ဝကျွန်းပေါ်ပြောက်ကြား စစ်ဆင်ရေးတပ်ပေါင်းစု (DGWCF) က သြဂုတ် ၂၂ ရက်နေ့က ထုတ်ပြန်လိုက်သည်။

စာရင်းတွင် ဟင်္သာတ၊ ပုသိမ်၊ ရေကြည်၊ အသုတ်၊ ငါးသိုင်းချောင်းမြို့များမှ ဒလန်ဟု စွပ်စွဲခံရသူများပါဝင်ပြီး ဟင်္သာတမြို့မှ ၁၁ ဦး၊ ပုသိမ် မြို့မှ ၁၂ ဦး ရေကြည်၊ အသုတ်၊ ငသိုင်းချောင်း မြို့ ၃ နယ်ပေါင်း ၄၉ ဦးရှိကြောင်း မြစ်ဝကျွန်းပေါ် ပြောက်ကြားစစ်ဆင်ရေးတပ်ပေါင်းစု (DGWCF) ၏ လူမှုကွန်ယက်စာမျက်နှာ ကြေငြာချက်တွင် ဖော်ပြပါရှိသည်။

ယင်း ၄၉ တွင် သြဂုတ်လ ၁၈ ရက်နေ့က အသုတ်မြို့တွင် ဒလန်ဟုဆိုကာ သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဦးဝင်းနိုင်ဦး၏အမည် ထပ်မံလည်းပါဝင်နေသည်ကိုတွေ့ရသည်။

ထုတ်ပြန်လိုက်သည့်စာရင်းသည် ဒေသခံများ၏ တိကျသေချာသည့် သတင်းပေးပို့ချက်များအရ မှတ်တမ်းပြုစုထားခြင်းဖြစ်သည်ဟု ဆိုသည်။

ထုတ်ပြန်လိုက်သည့် စာရင်းတွေ ပါဝင်သူများအတွက် နာမည်ရေးမှတ်ထားပြီးဖြစ်သော ကျည်တောင့်များ အသင့်ရှိနေကြောင်း ကြေငြာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

"ဒလန် ဝင်းနိုင်ဦးကို သေနတ်နဲ့ ပစ်သတ်ခံရတော့ အသုတ်မှာ လူ ၇ ဦးကို ရိုက်နှက်ဖမ်းဆီးထားတယ်။ ခုထိ ပြန်မလွတ်သေးဘူး၊ အပြစ်မရှိတဲ့သူတွေကို ကြွက်မနိုင် ကျီမီးရှို့လုပ်မှာ စိုးရိမ်တယ်" ဟု အသုတ်မြို့ ဒေသခံတစ်ဦးက ပြောသည်။

DGWCF အဖွဲ့အနေဖြင့် ပြည်သူလူထုကို ထိခိုက်မှုမရှိစေဘဲ အကြမ်းဖက်စစ်အုပ်စု၏ ဒလန်များကို ၃၅ ကြိမ်တိုင် ပျောက်ကြားနည်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြစ်ဝကျွန်းပေါ်ပြောက်ကျား စစ်ဆင်ရေးတပ်ပေါင်းစု (DG WCF) ၏  ဩဂုတ်လ ၂၀ ရက်နေ့က ထုတ်ပြန်ထားသည်။

Most read this week

August 5, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက် ဖလူးဒေသတစ်ဝိုက်တွင် နယ်မြေပြန်လည်ထိန်းချုပ်ရန် အင်အားအလုံး...
August 4, 2026
ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်အတွင်း အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၂၇ ဦးမှာ...
ပုံဟောင်း (တပ်မတော်လေ)
August 3, 2026
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာအနီးတွင် ယနေ့ (ဩဂုတ်လ ၃ ရက်)...
August 3, 2026
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ ကိုယ်စားလှယ်တစ်ဦးသည် ဩဂုတ်လ ၃ ရက်နေ့တွင် နိုင်ငံတော်...