ရခိုင်ပြည်နယ်ရှိ IDP နှင့်စစ်ရှောင်စခန်းများတွင် ကိုဗစ်ကာကွယ်ဆေး ၅ သောင်း ထိုးပေးမည်ဟုဆို

ရခိုင်ပြည်နယ်ရှိ IDP နှင့်စစ်ရှောင်စခန်းများတွင် ကိုဗစ်ကာကွယ်ဆေး ၅ သောင်း ထိုးပေးမည်ဟုဆို

ရခိုင်ပြည်နယ်အတွင်းရှိ IDP စခန်းများနှင့် စစ်ဘေးရှောင်စခန်းများတွင် ကိုဗစ်ကာကွယ်ဆေး ၅၀,၀၀၀ ကျော် ထိုးပေးသွားမည်ဟု ရခိုင်ပြည်နယ် ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူဦးလှသိန်းက နိရဥ္စရာသို့ပြောသည်။

ရခိုင်ပြည်နယ်အတွင်း တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးကို ပထမအကြိမ် ၉၀,ဝဝဝကျော် ထိုးပေးခဲ့ပြီဖြစ်ပြီး ယခုရက်ပိုင်းအတွင်းဒုတိယအကြိမ် ကိုဗစ် ကာကွယ်ဆေးများ ထပ်ရောက် လာမည်ဖြစ်ပြီး IDP စခန်းများနှင့် စစ်ဘေးရှောင်များအတွက် ကိုဗစ်ကာကွယ်ဆေး ၅၀,၀၀၀ ထိုးပေးသွားမည်ဟု ပြောသည်။

“ပထမအကြိမ်မှာတော့ ကိုဗစ်ဆေး ၉၅,၀၀၀ လောက်ကိုလွန်ခဲ့တဲ့ အပတ် လောက်က ထိုးပေးသွားပြီးပြီ ဖြစ်ပါတယ်။ ဒီနေ့ နိုင်ငံခြားဆေးတွေ ရန်ကုန်ကိုရောက်မယ်လို့ ကြားပါတယ်။ မနက်ဖြန်သို့မဟုတ်၊ သဘက်ခါ ရခိုင်ကိုဆေးတွေရောက်ဖို့ရှိပါတယ်။ ထိုးပြီးသားလူတွေကို ဒုတိယ အကျော့ထိုးပေးသွားမှာဖြစ်ပါတယ်။ အတိကျမပြောနိုင်သေးပေမယ့်လည်း ဒီနေ့မနက် အစည်းဝေးမှာ ပြည်နယ်ဆေးရုံအုပ်ကြီးက လူကိုးသောင်းခွဲဖိုး အပြင် ထပ်ဆောင်းပြီး IDP တွေအတွက် ဆေးငါးသောင်းသပ်သပ်ပေးမယ်လို့ သိရပါတယ်” ဟု ပြောသည်။

IDP မူဆလင်စခန်းများ အပါအဝင် စစ်ဘေးရှောင်စခန်းတွင် ရရှိလာသော ဆေးအပေါ်မူတည်ပြီး အုပ်စုများခွဲ၍ ထိုးပေးသွားမည်ဖြစ်ကြောင်း၊  မသန်စွမ်းများ အတွက် လက်ရှိအချိန်တွင် ထိုးပေးသွားဖို့ မရှိသေးသော်လည်း ဆေးရရှိမှုအပေါ်မူတည်ပြီး ဦးစားပေးထိုးပေးသင့်သော အုပ်စုထဲတွင်ပါကြောင်း ပြောသည်။

“လက်ရှိ ကျွန်တော်တို့ Category ခွဲထားတာ (၁၁) ခုရှိတယ်။ မသန်စွမ်းတွေ အတွက်ဆိုတာ မပါသေးဘူး။ ဒီတော့ ကျွန်တော်တို့နေ့တိုင်း အစည်းဝေးရှိတယ်။ ဆိုတော့ အစည်းဝေးမှာ အကြံပြု သွားနိုင်တာပေါ့။ မသန်စွမ်းတွေကိုလည်း ဦးစားပေးပြီး ဆေးထိုးထားရင်တော့ သူတို့က သာမန်လူလို မဟုတ်တော့လေ ကောင်းတာပေါ့။ ဆေးရရှိမှုအပေါ်မူတည်ပြီး ဦးစားပေးထိုးထားသင့်တဲ့ အုပ်စုထဲမှာပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါကို ၅၀% ထိထိန်းချုပ်နိုင်ပြီးဖြစ်ကာ နောက်တစ်ပတ်အတွင်း ၅၀% အောက်လျှော့ကျလာနိုင်ကြောင်း ဦးလှသိန်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ရောဂါကူးစက်မှုနှင့် သေဆုံးမှု ကျဆင်းလာသော်လည်း ကိုဗစ်ကြောင့် လက်ရှိအချိန်ထိ သေဆုံးသူ (၃၆၂) ဦး၊ ရောဂါကူးစက်ခံရသူ စုစုပေါင်း (၃၈၂၃) ယောက်ထိရှိကြောင်း သြဂုတ်လ ၂၂ ရက်နေ့ ပြည်နယ်ကျန်းမာရေးဌာနမှ ထုတ်ပြန်သည့် စာရင်းအရသိရသည်။

 
 

 

 

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...