ဝိုင်းမော် ခလရ ၅၈ တပ်ရင်း ပစ်ခတ်သည့် လက်နက်ကျည်အချို့ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲ

ဝိုင်းမော် ခလရ ၅၈ တပ်ရင်း ပစ်ခတ်သည့် လက်နက်ကျည်အချို့ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲ

ဝိုင်းမော်မြို့ ခလရ ၅၈ တပ်ရင်းမှ ဩဂုတ်လ ၁၈ ရက်ည လက်နက်ကြီးပစ်ခတ်မူကြောင့် တပ်ရင်းအနီးရှိ ခကွမ်ရွာတွင် လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

"ကျနော်တို့ ခကွမ့်လမ်းပေါ်မှာ‌တော့ မကွဲသေးတာ တစ်လုံးကျတယ်။ ပြီးတော့ ရွာထဲမှာ တစ်ချို့အိမ်တွေလည်း ထိတယ်လို့ကြားတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

ခလရ (၅၈) တပ်သည် ယမန်နေ့ည ၈ နာရီ ၄၀ မိနစ်ခန့်မှစကာ လက်နက်ကြီး လက်နက်ငယ်များဖြင့် ‌ပြည်သူများရှိရာသို့ ရမ်းသမ်းပစ်ခတ်ခဲ့သည်။

"ကျမတို့ ရပ်ကွက်မှာလည်း လက်နက်ကြီးကျတယ်။ အဲလက်နက်ကြီးကျည်စတွေက အိမ်ထဲ၊ မီးဖိုချောင်တွေထိ စင်လာတယ်" ဟု ဒေသခံတစ်ဦးက ထပ်ပြောသည်။

ဝိုင်းမော်မြို့ရှိ ခလရ (၅၈) တပ်သည် မကြာခနဆိုသလို ကျေးရွာများသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ခြိမ်းခြောက်ပစ်ခတ်မှုများ ပြုလုပ်နေသည်။

"ကျနော်တို့ကတော့ နားကိုမလည်နိုင်တော့ဘူး ကျနော်တို့ပြည်သူတွေက ဘာလုပ်စားပြီးနေရတော့မလဲ ညလည်းမအိပ်ရ ‌ရောဂါကတစ်မျိုး ပြောချင်တာက ခုအခြေနေဆို ရွာဘက်ကိုပစ်မှတ်ထားပြီး လုပ်နေသလိုဘဲ" ဟု ‌အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်အပတ်ကလည်း ခလရ (၅၈) တပ်၏ ပစ်ခတ်မူကြောင့် ဝူယန်ကျေးရွာမှ အမျိုးသမီးတစ်ဦး သေနတ်ထိမှန် သေဆုံးခဲ့ပြီး ဒေသခံများ၏ နေအိမ်များနှင့် တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုများစွာဖြစ်နေကြောင်း သိရသည်။

ထို့အပြင် ခလရ ၅၈ တပ်ရင်းအနေဖြင့် ခံစစ်ပြုလုပ်မည်ဖြစ်သောကြောင့် တပ်ရင်းအနီးတွင် နေထိုင်ခြင်းမပြုရန် ဩဂုတ်လ ၁၄ ရက်နေ့က လိုက်လံကြေညာခဲ့သဖြင့် တပ်ရင်းအနီး ဒေသခံများသည် စစ်ရှောင်အဖြစ် ထွက်ပြေးနေရချိန်ဖြစ်သည်။

အဆိုပါ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ဇူလိုင် ၂၉ ရက်ညတွင် နောက်ဆုံးသွားရောက်ပစ်ခတ်ခဲ့သည်။

 
 

 

 

Most read this week

ပူတာအိုမြို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ကိုရဲ / Crd)
August 3, 2026
ကချင်ပြည်၊ ပူတာအိုဒေသတွင် ကုန်စည်ဝင်ရောက်မှု အခက်အခဲများကြောင့် အခြေခံ စားသောက်ကုန်...
ဓါတ်ပုံ - ပုံဟောင်း
August 3, 2026
ကချင်ပြည်၊ မြစ်ကြီးနား - ဆွမ်ပရာဘွမ် လမ်းပိုင်းရှိ လမုန်ဇွပ်စစ်တပ်ဂိတ်တွင် အမျိုးသား ၅ ဦးကို...
July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...
ဓါတ်ပုံ - HPDF
July 31, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း KIA ပူးပေါင်းတပ်နှင့် ရှမ်းနီအမျိုးသားများ...