မီဇိုရမ်တွင် ပညာသင်ကြားခွင့်ရရှိသော မြန်မာစစ်ဘေးရှောင် ၁၇၀ ကျော်ရှိ

မီဇိုရမ်တွင် ပညာသင်ကြားခွင့်ရရှိသော မြန်မာစစ်ဘေးရှောင် ၁၇၀ ကျော်ရှိ

မြန်မာနိုင်ငံပြည်တွင်းရေး မငြိမ်မသက်မှုကြောင့် မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်လာကြသော စစ်ဘေးရှောင်ကလေးသူငယ်များ မီဇိုရမ်ပြည်နယ် အစိုးရကျောင်းများတွင် ပညာသင်ကြားနေသူ ၁၇၀ ကျော်ရှိနေကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနည်းသည့် နေရာဒေသအတွင်း ကျောင်းများ ပုံမှန် ပြန်လည်တက်ခွင့်ပြုလိုက်သည့်အတွက် စစ်ဘေးရှောင်အများစုနေထိုင်သည့် အိန္ဒိယ-မြန်မာနယ်စပ်ဒေသ ကျန်ဖိုင်းခရိုင်အတွင်းရှိ စစ်ဘေးရှောင်ကလေးသူငယ် ၁၇၈ ဦးတို့မှာ အစိုးရကျောင်းများတွင် ပညာသင်ကြားခွင့်ရရှိခဲ့သည်ဟု ဒေသညစဉ်သတင်း Zonet တွင် ဖော်ပြသည်။

Zonet သတင်းတွင် ဖော်ပြချက်အရ အိန္ဒိယ-မြန်မာနယ်စပ် ကျန်ဖိုင်းခရိုင် Tuipuiral အုပ်စု Farkawn ကျေးရွာတွင် ၁၁၄ ဦး၊ Zawlsei ကျေးရွာတွင် ၃၃ ဦး၊ Vaphai ကျေးရွာတွင် ၂၉ ဦးနှင့် Saikhumphai ကျေးရွာတွင် ၂ ဦး စသဖြင့် စစ်ဘေးရှောင်ကလေးသူငယ်များ အသီးသီး ပညာသင်ကြားနေပြီဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကျန်ဖိုင်းခရိုင် ပညာရေးဌာနမှ Pu Laltanpuia က “စစ်ဘေးရှောင်များအနေဖြင့် ဆက်လက်ပညာသင်ကြားလိုပါက Samagra Shiksha အောက်တွင် ကျောင်းစာအုပ်များ အခမဲ့ရရှိနိုင်အောင် စီစဉ်ဆောင်ရွက်နေကြောင်း၊ ပညာရေးသည် လူတိုင်း၏ အခွင့်အရေးဖြစ်သောကြောင့် စစ်ဘေးရှောင်များအနေဖြင့် ကျောင်းအပ်ခြင်သူများရှိပါက ငြင်းဆန်မည်မဟုတ်ကြောင်း” ပြောသည်။

မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် Tuipuiral အုပ်စု Young Mizo Association (YMA) ဥက္ကဌ Pu M.C Lalramenga ကလည်း “မြန်မာနိုင်ငံကနေ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်လာချင်သူတွေ များစွာရှိနေသေးကြောင်း ပြောဆိုခဲ့ပြီး လတ်တလော စစ်ဘေးရှောင်ယာယီစခန်းများတွင် ထားဖို့နေရာမဆန့်တော့သည့်အတွက် လောလောဆယ် လက်မခံနိုင်သေးကြောင်းနှင့် လက်ရှိတွင် Tuipuiral ဒေသအတွင်း စစ်ဘေးရှောင်လူဦးရေ ၁,၄၅၀ ကျော်ရှိနေကြောင်း” ပြောသည်။

May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...