ကျောက်တော်မြို့နယ် ဦးစွန်းတော် (မြို) ရွာမှ အမျိိုးသားတစ်ဦး မိုင်းနင်းမိ၍ ခြေထောက်ပြတ်တောက်သွား

ကျောက်တော်မြို့နယ် ဦးစွန်းတော် (မြို) ရွာမှ အမျိိုးသားတစ်ဦး မိုင်းနင်းမိ၍ ခြေထောက်ပြတ်တောက်သွား

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ဦးစွန်းတော် (မြို) ကျေးရွာမှ အမျိုးသားတစ်ဦးသည် ယနေ့မွန်းတည့်ခန့်က မြေမြုပ်မိုင်းနင်းမိ၍ ဘယ်ဖက်ခြေထောက် ခြေကျင်းဝတ်မှ ပြတ်တောက်သွားကြောင်း သိရသည်။

မိုင်းနင်းမိသောသူမှာ ဦးစွန်းတော်ရွာမှ ဦးအောင်ကျော်ဖြူနှင့် အမိဒေါ်ကြာဇံဖြူတို့၏ သား ဦးအောင်သိန်းဆန်း (၃၅ နှစ်) ဖြစ်သည်။

သူသည် ယနေ့ သြဂုတ်လ ၁၇ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က ဦးစွန်းတော်ကျေးရွာအနီးရှိ မျာလီကန်ကျေးရွာအနီး နန်းရာကုန်း၌ နွားကျောင်းသွားစဉ် မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“မိုင်းကိုနင်းမိပြီး ချော်လဲသွားတာ ချက်ချင်းထပေါက်တာ။ ရွာသားတွေသွားကြည့်တော့ သူ့ခြေကျင်းဝတ်ပြတ်နေပြီ” ဟု အပေါက်ဝကျေးရွာမှ မေတ္တာရှင်အရေးပေါ် ပရဟိတအသင်းဥက္ကဋ္ဌ ဦးဦးသိန်းထွန်းက နိရဥ္စရာသို့ ပြောသည်။

မိုင်းထိလူနာကို အပေါက်ဝဆေးရုံမှ စစ်တွေဆေးရုံသို့ ယနေ့ ညနေ ၄ နာရီခွဲခန့်တွင် ယူဆောင်လာပြီး စစ်တွေဆေးရုံသို့ ညနေ ၆ နာရီတွင်ရောက်ရှိလာခဲ့သည်။

လက်ရှိတွင် လူနာအား အရိုးအထူးကုကြပ်မတ်ဆောင်တွင် ဆေးကုသပေးနေရကြောင်း သိရသည်။

 
 

 

 

Most read this week

August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...
August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...
August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...