အိမ်စောင့်အစိုးရ ဖွဲ့စည်းလိုက်သည့်အပေါ် ဘာမှထူးခြားလာမှာမဟုတ်ဟု CNF ပြော

အိမ်စောင့်အစိုးရ ဖွဲ့စည်းလိုက်သည့်အပေါ် ဘာမှထူးခြားလာမှာမဟုတ်ဟု CNF ပြော

အာဏာသိမ်းစစ်ကောင်စီမှ "အိမ်စောင့်အစိုးရ" အသစ် ဖွဲ့စည်းလိုက်သည့်အပေါ် ဘာမှ ထူးခြားပြောင်းလဲမှုရှိလာမှာမဟုတ်ဟု ချင်းအမျိုးသားတပ်ဦး (CNF) ပြန်ကြားရေးတာဝန်ခံ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

"အရင်ဓာတ်ပြား‌ဟောင်းကို ပြန်သွားတာဖြစ်ပြီး စစ်ကောင်စီဘက်ကနေပြီး အိမ်စောင့်အစိုးရအဖြစ် ပြောင်းလဲလိုက်ပေမယ့် ဘာမှထူးခြားမှာမဟုတ်ဘူး၊ အဓိက, ကတော့ စစ်ကောင်စီတို့ အိမ်စောင့်အစိုးရတို့ဆိုတာက အားလုံးက အတူတူပါပဲ၊ မူလည်းအတူတူ လူလည်းအတူတူ နာမည်ပြောင်းတာပဲရှိတယ်၊ စစ်ကောင်စီကို နိုင်ငံတကာနဲ့ အိမ်နီးချင်းနိုင်ငံတွေက အသိမှတ်ပြုနိုင်ဖို့ စစ်ကောင်စီက သဘောပေါက်တယ်၊ သိလာတယ်လို့ ကျနော်မြင်တယ်၊ အဲ့ဒါကြောင့် ဗိုလ်ချုပ်နေဝင်းအစိုးရတုန်းကလိုမျိုးပဲ ဓာတ်ပြားဟောင်းကြီးကို ပြန်ပြီးလုပ်လာတာဖြစ်တယ်၊ အစိုးရတစ်ရပ်ဖြစ်လာဖို့ လုပ်တာဖြစ်တယ်၊ ဘာမှ ထူးခြားမှာတော့မဟုတ်ဘူး၊ အိမ်စောင့်အစိုးရ အစိုးရပုံစံမျိုးလုပ်တော့ ဝန်ကြီးတွေဘာတွေ ထပ်လုပ်ချင်တာတွေရှိတယ်၊ ဘာမှထူးခြားမှာမဟုတ်ဘူး၊ လူကအတူတူ မူကအတူတူပါပဲ" ဟု ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီက ပြောသည်။

၁၉၅၈ ခုနှစ်တုန်းကလိုမျိုး ဗိုလ်ချုပ်ကြီးနေဝင်းမှ “အိမ်စောင့်အစိုးရ” အား ဖွဲ့စည်းလိုက်သည့်ပုံစံမျိုး ယခုအချိန်တွင် ထပ်တူလုပ်လို့မရတော့‌ကြောင်း၊ Generation Z ခေတ် သတင်းဆက်သွယ်ရေးနှင့် နည်းပညာခေတ်တွင် ဘာမှပြောင်းလဲလာစရာမရှိကြောင်း ဆလိုင်းထက်နီမှ ယခုလို ဆက်လက်သုံးသပ်ပြောဆိုသည်။

“အခု Genaration က ဟိုအရင် ၈၈ ကလို မဟုတ်တော့ဘူး၊ သူတို့ သတင်းဆက်သွယ်ရေးကအစ နည်းပညာကအစ သူတို့မှာ တော်တော်စုံနေတယ်၊ ၈၈ တုန်းက အားလုံး သတင်းအမှောင်ချထားတယ်ဆိုတော့ အခု Genaration Z တွေလောက် ကျနော်တို့ သတင်းဆက်သွယ်ရေး၊ နည်းပညာတို့ ဘာမှမရှိခဲ့ဘူး၊ အခု Genaration Z တွေနဲ့ အဲ့ဓာတ်ပြားဟောင်းပုံစံနဲ့သွားလုပ်တာ သူတို့ ဘာမှထူးလာမှာမဟုတ်ဘူး၊ နိုင်ငံတကာ အသိမှတ်ရယူဖို့အတွက် လုပ်တာဖြစ်တယ်လို့ သုံးသပ်ပါတယ်”

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ စစ်အာဏာသိမ်းမှု ၆ လပြည့်သည့် သြဂုတ်လ ၁ ရက်နေ့က “အိမ်စောင့်အစိုးရ” ဖွဲ့စည်းလိုက်ပြီး ၂၀၂၃ ခုနှစ်အထိ အုပ်ချုပ်သွားမည်ဟု ကြေညာသွားခဲ့ခြင်းဖြစ်သည်။

 
 

 

 

February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...