ကလေးမြို့ အိတ်စွတ်ကွာရန်တင်းစင်တာအား ပြန်လည်ပိတ်သိမ်းမည်

ကလေးမြို့ အိတ်စွတ်ကွာရန်တင်းစင်တာအား ပြန်လည်ပိတ်သိမ်းမည်

ကလေးမြို့ ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုနှင့် ရောဂါကူးစက်မှု အနည်းငယ်လျော့နည်းလာခြင်းကြောင့် တာဟန်းရပ်ကွက်၊ အိတ်စွတ်ကျေးရွာရှိ ကွာရန်တင်းစင်တာအား နောက်ရက်အနည်းငယ်တွင် ဖျက်သိမ်းမည်ဟု ကွာရန်တင်းစင်တာ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

"ကျနော်တို့ ပိတ်တော့မပိတ်သေးဘူး၊ ကုသဆဲ ၂ ယောက် ၃ ယောက်လောက်ပဲ ကျန်တော့တယ်၊ ၂ ရက် ၃ ရက်လောက် စောင့်ကြည့်အုံးမယ်၊ နောက်ထပ် ရောက်မလာတော့ဘူးဆိုရင် ပိတ်လိုက်တော့မယ်၊ အခုလက်ရှိ ၂ ယောက်လည်း အပြင်ဆေးရုံဘက်ပြောင်းကြမလား မသိသေးဘူး၊ သူတို့ကလည်း အပြင်ဆေးခန်းမှပဲ နေမယ်လို့တော့ သူတို့ကလည်းပြောတယ်၊ ပိုးတွေ့လူနာတွေကလည်း ရောက်လာရင်လည်း တိုင်းရင်းဆေးရုံကိုပဲ သွားချင်ကြတယ်၊ သူတို့မှာက ဆရာဝန်ပုံမှန်စောင့်ကြည့်ခံရတယ်၊ ကျနော်တို့မှာတော့ ဆရာဝန်ပုံမှန်စောင့်ကြည့်ရတာ သိပ်မရှိတာပေါ့" ဟု အိတ်စွတ်ကွာရန်တင်းစင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး ကွာရန်တင်းစင်တာ (၃) ခုထားရှိပြီး အိတ်စွတ်ကွာရန်တင်းစင်တာတွင် (၃) ဦး၊ အာမာန် ကွာရန်တင်းစင်တာတွင် (၁၀) ဦးကျော်နှင့် တိုင်ရင်းဆေးရုံတွင် (၂၀) ဦးခန့်ထားရှိကြောင်း သိရသည်။

ကလေးမြို့ ကိုဗစ်တတိယလှိုင်းအတွင်း ပထမဆုံးကွာရန်တင်းစင်တာအဖြစ် အိတ်စွတ်ကွာရန်တင်းစင်တာအား မေလ ၂၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါ ကိုဗစ်ရောဂါကူးစက်ခံရသည့် လူနာများ လျော့နည်းလာခြင်းကြောင့် ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့မှစ၍ ပိတ်သိမ်းရန် ဆုံးဖြတ်ရခြင်းဖြစ်သည်။

အိတ်စွတ်ကွာရန်တင်းစင်တာဖွင့်လှစ်ခဲ့သည့် ၃ လနီးပါးကာလအတွင်း အရေးပေါ်အတွင်းလူနာ ၃၀၀ ကျော်၊ ကိုဗစ်ရောဂါမှပြန်ကျန်းမာလာသူ ၂၀၀၀ နီးပါးနှင့် သေဆုံးသူ ၃၀ ကျော်ရှိကြောင်း သိရသည်။

 
 

 

 

February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...