ကာမိုင်း မအူပင်ကျေးရွာ စစ်ကောင်စီအောက် ပြည်သူ့စစ်ခေါင်းဆောင် ပစ်သတ်ခံရ

ကာမိုင်း မအူပင်ကျေးရွာ စစ်ကောင်စီအောက် ပြည်သူ့စစ်ခေါင်းဆောင် ပစ်သတ်ခံရ

ဖားကန့်မြို့နယ် ကားမိုင်းမြို့အနီးရှိ မအူပင်ကျေးရွာ၏ အာဏာသိမ်းစစ်တပ်အောက် ပြည်သူ့စစ်ခေါင်းဆောင် ဦးတင်အောင်သည် ဩဂုတ်လ ၁၁ ရက်နေ့က ပစ်သတ်ခဲ့ရကြောင်း သိရသည်။

ပစ်သတ်ခံရသည့် ပြည်သူ့စစ်ခေါင်းဆောင်မှာ ကားမိုင်းမြို့မှ နန့်ယားသို့ NOAH ကားဖြင့်ပြန်လာခဲ့ရာ လမ်းတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်ဟု ကားမိုင်းဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ပစ်ခတ်ခံရတဲ့သူက မနက်ပိုင်းကနေ ကားမိုင်းကို သွားလိုက်တာဟုတ်တယ်။ အဲ့ဒါညနေပိုင်းပြန်လာတော့ လမ်းမှာ ပစ်သတ်ခံရတာ ပါ။ ကျေးရွာ ၂ ခုရဲ့ကြားမှာ ဖြစ်သွားတယ်ဆိုတော့ အသံတွေလည်း မကြားလိုက်ရဘူး။ ဒဏ်ရာတွေကြည့်ချက်အရတော့ သေနတ် ဒဏ်ရာတွေဘဲပြောတယ်။ ပြီးရင် ကားပေါ်မှာလည်း သေနတ်ပေါက်ရာတွေဘဲ။ ကားရဲ့နောက်ဖုံး မှန်မှာတင် သေနတ်ထိရာ ၆ ချက်လောက်ရှိတယ်” ဟု ပြောဆိုသည်။

မအူပင်ပြည်သူ့စစ်ခေါင်းဆောင် အသက် ၅၄ နှစ်အရွယ် ဦးတင်အောင်၏ ကိုယ်ပေါ်တွင် သေနတ်ဒဏ်ရာ ၅ ချက်ထက်မနည်း ထိမှန်ကာ သေဆုံးနေသည်ကို တွေ့ရသည်ဟု သူက ဆက်ဆိုသည်။

ပြည်သူ့စစ်ခေါင်းဆောင် ဦးတင်အောင် သေဆုံးမှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းက ပစ်သတ်သွားသည်ကို မသိရသေးကြောင်းနှင့် ကားမိုင်းမြို့ ရဲတပ်ဖွဲ့လည်း လိုက်လံစစ်ဆေးနေသေးကြောင်း သိရသည်။

ဦးတင်အောင်သည် ယခင်က မအူပင်ကျေးရွာအတွင်း ပြည်သူ့စစ်ဂိတ်ချ တပ်စွဲနေထိုင်သူဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီး ကချင်ပြည်နယ်တွင် တိုက်ပွဲပြန်လည်ဖြစ်ပွားလာသဖြင့် နန့်ယားပြည်သူ့စစ်အဖွဲ့နှင့် သွားရောက်ပူးပေါင်းနေထိုင်ခဲ့ကြောင်း ဒေသခံများ ပြောဆိုချက်မှ သိရသည်။

 
 

 

 

Most read this week

ပူတာအိုမြို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ကိုရဲ / Crd)
August 3, 2026
ကချင်ပြည်၊ ပူတာအိုဒေသတွင် ကုန်စည်ဝင်ရောက်မှု အခက်အခဲများကြောင့် အခြေခံ စားသောက်ကုန်...
ဓါတ်ပုံ - ပုံဟောင်း
August 3, 2026
ကချင်ပြည်၊ မြစ်ကြီးနား - ဆွမ်ပရာဘွမ် လမ်းပိုင်းရှိ လမုန်ဇွပ်စစ်တပ်ဂိတ်တွင် အမျိုးသား ၅ ဦးကို...
July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...
ဓါတ်ပုံ - HPDF
July 31, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း KIA ပူးပေါင်းတပ်နှင့် ရှမ်းနီအမျိုးသားများ...