ကန်ပက်လက် စစ်ဘေးရှောင်များကို ဝိုင်း၀န်းကူညီပေးရန် ကန်ပက်လက် ကြက်ခြေနီအဖွဲ့မှ တောင်းဆို

ကန်ပက်လက် စစ်ဘေးရှောင်များကို ဝိုင်း၀န်းကူညီပေးရန် ကန်ပက်လက် ကြက်ခြေနီအဖွဲ့မှ တောင်းဆို

ကန်ပက်လက် စစ်ဘေးရှောင်များကိုကူညီနေသည့် ကန်ပက်လက်မြို့ ကြက်ခြေနီအဖွဲ့မှ စစ်ဘေးရှောင်များကို ဝိုင်း၀န်းကူညီပေးရန် တောင်းဆိုကြောင်း ၄င်းတို့ကြက်ခြေနီအဖွဲ့၏ ဖေ့ဘုတ်စာမျက်နှာတွင် ယမန်နေ့ သြဂုတ်လ ၁၂ ရက်နေ့တွင် ယခုလို ရေးသားဖော်ပြထားသည်။

"ပြီးခဲ့တဲ့လ ကန်ပက်လက်မြို့နယ်က ခါနန်းရွာနှင့် ရန်စဲရွာ ဘေးနားမှာဖြစ်ပွါးခဲ့တဲ့တိုက်ပွဲကြောင့် တိုက်ပွဲဖြစ်ပွါးတဲ့ အနီးပတ်ဝန်းကျင်ကရွာအားလုံးသည် ယနေ့အချိန်ထိ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရစဲဖြစ်ပါတယ်။ မိုးတွင်းလည်းဖြစ် လမ်းပန်းဆက်သွယ်ရေးတွေလည်း ဖြတ်တောက်မှုကြုံနေရသောကြောင့် အဆိုပါ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူများအားလုံးဟာ စားနပ်ရိက္ခာပြတ်လပ်မှု ကြုံနေရပါတယ်။ ချဉ်ပေါင်တောင် ရေလုံပြုတ်နဲ့စားနေကြတဲ့ အခြေအနေပါ။ ပြီးခဲ့တဲ့ပတ်က ကျွန်မတို့မြို့နယ် ကြက်ခြေနီအဖွဲ့က ကျန်းမာရေးဝန်ဆောင်မှုနှင့် လိုအပ်တဲ့ ပစ္စည်းအနည်းငယ်လေး သွားရောက်ဝေမျှပေးခဲ့တာရှိပေမယ့် လူတစ်ထောင်ကျော်ဝန်းကျင်အတွက် လုံလောက်မှုမရှိခဲ့ပါဘူး။ သူတို့တွေကအရေးပေါ်ထွက်ပြေးခဲ့ရတဲ့ အနေထားမို့ အိမ်မှာရှိတဲ့ အသုံးဆောင်တွေလည်း ဘာတစ်ခုမှ ပြည်စုံအောင်မသယ်နိုင်ခဲ့ကြပါဘူး။ ရွာမှာကျန်ခဲ့တဲ့ဆန်တွေလည်း မိုးစိုပြီး အကုန်ပျက်စီးသွားတယ်လို့ သိရပါတယ်။ ထွက်ပြေးလာကြတဲ့အချိန် (ကြက်-ဝက်-နွားနောက်) စတဲ့ အိမ်မွေးတိရိစ္ဆာန်တွေ အကုန်လွတ်ကုန်တော့ ရွာက သီးနှံစိုက်ခင်းတွေအကုန်က အိမ်မွေးတိရိစ္ဆာန်တွေက အကုန်ဝင်ပြီး ပျက်စီးကုန်ပြီလို့ သိရပါတယ်။ ကျွန်မတို့အဖွဲ့တွေကိုယ်တိုင် သွားရောက်ခဲ့ပြီးကြပါပြီ။ အဖွဲ့မှာလည်း လုံလောက်အောင် ထောက်ပံ့ပေးနိုင်ဖို့ အလုံအလောက်မရှိလို့ ပြီးတော့ တကယ်ကို ခက်ခဲနေကြပြီး တကယ်ကို အရေးပေါ်လိုအပ်နေတဲ့ အနေအထားဖြစ်နေတာမို့ ကူညီပေးလိုသူများကို မေတ္တာရပ်ခံ အကူညီတောင်းပါတယ်ရှင်" ဟု ရေးသားဖော်ပြထားသည်။

Most read this week

August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...