သံတွဲမြို့မှ ကိုဗစ်ကာလအတွင်း အလုပ်လက်မဲ့ဖြစ်နေသူများအား ကျပ်သိန်း(၁၂၀)ဖိုးရှိ စားနပ်ရိက္ခာများထောက်ပံ့မည်

သံတွဲမြို့မှ ကိုဗစ်ကာလအတွင်း အလုပ်လက်မဲ့ဖြစ်နေသူများအား ကျပ်သိန်း(၁၂၀)ဖိုးရှိ စားနပ်ရိက္ခာများထောက်ပံ့မည်

ရခိုင်ပြည်၊သံတွဲမြို့တွင် ကိုဗစ်ကာလကူညီထောက်ပံ့ရေးကော်မတီနှင့် ဒေသအတွင်းက လူမှုရေး အဖွဲ့အစည်းများပူးပေါင်း၍ ကိုဗစ်ကာလ အလုပ် လက်မဲ့ဖြစ်ပြီး စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြသည့် ပြည်သူများကို သြဂုတ်လ ၁၂ ရက်နေ့မှစ၍ စားနပ်ရိက္ခာများ ထောက်ပံ့ပေးသွားမည်ဟု ရခိုင်မျိုးစောင့်အဖွဲ့  (ARG) ဥက္ကဋ္ဌ ဦးဘအေးက နိရဥ္စရာသို့ အတည်ပြုပြောသည်။

"ကျနော်တို့ အဖွဲ့အစည်းတွေက အဓိက ဒီကိုဗစ်ကြောင့် စားဝတ်နေရေးအခက်ခဲဖြစ်နေပြီး အလုပ်လက်မဲ့ဖြစ်နေတဲ့သူတွေကို ပေးမှာပါ။ စားရင်း ကောက်ပြီး ပေးတာမဟုတ်ပါဘူး။ မိသားစု ၁၀၀၀ ခန့်ကို ထောက်ပံ့ကူညီသွားမှာဖြစ်ပါတယ်" ဟု ပြောသည်။

ကူညီရာတွင် တစ်အိမ်ထောင်လျှင် ကျပ်ငွေတန်ဖိုး ၁၂၀၀၀ နှင့်ညီမျှသော ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်နီ စသည့်ရိက္ခာများကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကိုဗစ်ကာလကူညီထောက်ပံ့ရေးကော်မတီကို ဇူလိုင်လ ၂၁ ရက်နေ့က စစ်တွေမြို့တွင် ရခိုင်မျိုးစောင့်အဖွဲ့ (ARG) အပါအဝင် စေတနာရှင်များနှင့် လူမှုအဖွဲ့အစည်း (၇) ဖွဲ့ဖြင့် ပူးပေါင်းဖွဲ့စည်းခဲ့သည်။

ဇူလှိုင် (၂၆) ရက်နေ့ကစပြီး စစ်တွေတွင် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးခဲ့ပြီး လက်ရှိ သံတွဲတွင် ထောက်ပံ့ပေးမည်ဖြစ်ကာ သံတွဲတွင် ထောက်ပံ့ပေးပြီးနောက် ဂွမြို့နှင့် ကျောက်ဖြူမြို့တို့တွင်လည်း ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

 
 

 

 

Most read this week

August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...
August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...
August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...