အမှုများရုတ်သိမ်းရာတွင် စစ်ကောင်စီလက်ထက်အမှုများ မပါဝင်

အမှုများရုတ်သိမ်းရာတွင် စစ်ကောင်စီလက်ထက်အမှုများ မပါဝင်

COVID-19 ကပ်ရောဂါ ထိန်းချုပ်ရန်နှင့် ကာကွယ်ကုသရန်ဟုဆိုကာ စွဲဆိုထားသောအမှုများ ရုတ်သိမ်းကြောင်းကြေညာရာတွင် စစ်ကောင်စီလက်ထက် စွဲဆိုသောအမှုများ ပါဝင်ခြင်းမရှိပေ။

ယခင်အစိုးရလက်ထက်က တရားဆွဲဆိုထားသည့် အမှုများကို ပိတ်သိမ်းရန် စစ်ကောင်စီက သြဂုတ်လ ၁၁ ရက်တွင် ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင်လည်း COVID-19 ရောဂါဆိုင်ရာ စည်းကမ်းချက်များကြောင့် ရုံးထုတ်စစ်ဆေးနိုင်ခြင်းမရှိသဖြင့် ချုပ်ရက်ရှည်ကြာသော အချုပ်သားများကို အမှုမှလွှတ်ပေးခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းဖော်ပြထားသည်။

ယခုကြေငြာချက်အရဆိုလျှင် ၅၀၅ (က)၊ ၁၇ (၁) တို့ဖြင့် စစ်ကောင်စီလက်ထက်တွင် ပုံစံမျိုးစုံဖြင့် စွဲထားသည့်အမှုများ ကျန်နေမည်ဖြစ်ကြောင်း တရားလွတ်တော်ရှေ့နေတစ်ဦး သုံးသပ်ပြောဆိုသည်။

“ကိုဗစ်ကာလမှာ ထိန်းသိမ်းထားတဲ့လူတွေ များနေတယ်။ အမှုတွေလည်း များနေတယ်ဆိုရင် ထောင်တစ်ခုလုံးခါလေ။ အဲ့ဒီလိုမှမဟုတ်ဘဲနဲ့” ဟု အဆိုပါ တရားလွှတ်တော်ရှေ့နေက ပြောသည်။

အမှုရုတ်သိမ်းရာတွင် ဖေဖော်ဝါရီ ၁ ရက်နှင့် အဆိုပါနေ့ မတိုင်ခင်က ပြစ်မှုတစ်ခုခုကြောင့် တရားစွဲဆိုခံထားရသည့် အမှုများကိုသာ ပိတ်သိမ်းပြီး ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ဖမ်းဆီးတရားစွဲဆိုခံထားရသူများ မပါဝင်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

“ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းအမှုအများစုက စာရိတ္တနဲ့ပတ်သက်တဲ့ အမှုတွေမဟုတ်ဘူးဗျ။ နိုင်ငံရေးနဲ့ပတ်သက်တဲ့ အမှုတွေ။ သူတို့အမှုတွေကို ဆက်လိုက်ပေးဖို့ပဲ ကျနော်တို့ ခေါင်းထဲရှိပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

ယခင်အစိုးရလက်ထက်က ဖြစ်ပွားခဲ့သည့် လူသတ်မှု၊ မုဒိမ်းမှုနှင့် အခြားရာဇဝတ်မှုများနှင့် စပ်လျဉ်းပြီး တရားလိုဘက်မှ အမှုရုပ် သိမ်းခြင်းမပြုလိုကြောင်း စက်တင်ဘာ ၃၀ ရက် နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ပြီး လျှောက်ထားမှုမရှိပါက အမှုပိတ်သိမ်း၍ အချုပ်သားကို လွှတ်ပေးရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရားလိုဘက်မှ အမှုမရုပ်သိမ်းလိုကြောင်း လျှောက်ထားသည့် အမှုများကို သက်ဆိုင်ရာတရားရုံးတွင် ရောက်ရှိသည့်အဆင့်မှ အမှုဆက်လက်စစ်ဆေးရမည်ဟုလည်း ထည့်သွင်းဖော်ပြထားသည်။

August 8, 2026
စစ်အုပ်စုကို ပြန်လည် ထိတွေ့ဆက်ဆံရန် ထိုင်းနိုင်ငံက အာဆီယံကို တိုက်တွန်းပြောဆိုထားသော်လည်း လက်ရှိ...
August 8, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် မုဒိမ်းကျင့်လူသတ်မှုနှင့်ပတ်သက်၍...
August 7, 2026
မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေများ စီးဆင်းမှုတို့ကြောင့် ရခိုင်ပြည်၊ မြေပုံမြို့နယ်...
ဓာတ်ပုံ - NMG (ပုံဟောင်း)
August 7, 2026
ကချင်ပြည်မြောက်ဖျားပိုင်း ခေါင်လန်ဖူးမြို့နယ်အတွင်း၌ စစ်အုပ်စုတပ်က အင်အားဖြည့်တင်းမှုများ...