အာဏာသိမ်းစစ်တပ် ပစ်ခတ်မှုကြောင့် မိုင်းနောင်ပြည်သူ ၂ ဦး ဒဏ်ရာရရှိပြီး လူနေအိမ်များ ပျက်စီး

အာဏာသိမ်းစစ်တပ် ပစ်ခတ်မှုကြောင့် မိုင်းနောင်ပြည်သူ ၂ ဦး ဒဏ်ရာရရှိပြီး လူနေအိမ်များ ပျက်စီး

အင်းတော်ကြီးမြို့ မမုန်ကိုင်အုပ်စု မိုင်းနောင်ကျေးရွာတွင် အာဏာသိမ်းစစ်တပ်မှ ကျေးရွာအတွင်း လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်များလည်း ပျက်စီးသွားကြောင်း သိရသည်။

ဩဂုတ် ၁၀ ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်မ ၃၃ ၊ ခလရ ၁၁ နှင့် ပြည်သူ့စစ်အဖွဲ့များပါဝင်သော အင်အား ၃၀ ကျော်ခန့်က မိုင်းနောင်ကျေးရွာ စုစည်းရပ်ကွက်ဘက်သို့ သေနတ်ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း အမည်မဖော်လို ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“မိုင်းနောင်ကျေးရွာရဲ့ ပတ်ပတ်လည်းမှာ တစ်ခြားလူမျိုးတွေလည်းရှိကြတယ်။ ဒါပေမယ့် အဲ့ဒီဘက်က မပစ်ဘူး။ စစ်သားတွေက ကချင်တွေနေတဲ့ ရပ်ကွက်ဘက်ဘဲ ပစ်သွားတယ်။ တစ်ချို့အိမ်တွေဆို ကျည်ထိအရာတွေကြီးဘဲ အပေါက်တွေဖြစ်ကုန်ပြီ။ အသက်ကြီးတဲ့ အမျိုးသမီး ၂ ယောက်က ဒဏ်ရာရထားတယ်” ဟု ပြောဆိုသည်။

ပစ်ခတ်မှုကြောင့် အသက် ၄၀ အရွယ်ရှိ ဒေါ်ဒရှီလုတောင် (Jan Dashi Lu Tawng) ၏ လက်မောင်းတစ်ဖက်တွင် ကျည်ထိမှန်ထားပြီး အသက် ၅၂ အရွယ်ရှိ ဖကွန်ဘေက်ဂျာ ခါးနောက်ကျောတွင် ထိခိုက်ဒဏ်ရာရှိထားကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်အဖွဲ့ကည ၁၁ နာရီဝန်းကျင်အထိ ရွာထိပ်ပိုင်းမှ ရွာအောက်ပိုင်းအထိ ည ၁၁ နာရီဝန်းကျင်အထိ လာရောက်ပစ်ခတ်မှု ပြုလုပ်သွားခဲ့သောကြောင့် စုစည်းရပ်ကွက်အတွင်း လူနေအိမ် ၅ အိမ်ထက်မနည်း လက်နက်ကျည်ထိကာ ပျက်စီးမှုရှိကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုမှာ တိုက်ပွဲဖြစ်ပွားခြင်းကြောင့်မဟုတ်ဘဲ စစ်ကောင်စီဘက်က တစ်ဖက်သတ် လာရောက်ပစ်ခတ်ခဲ့ခြင်းသာဖြစ်သည်ဟု ဒေသခံများက ဆိုပါသည်။

 
 

 

 

Most read this week

ပူတာအိုမြို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ကိုရဲ / Crd)
August 3, 2026
ကချင်ပြည်၊ ပူတာအိုဒေသတွင် ကုန်စည်ဝင်ရောက်မှု အခက်အခဲများကြောင့် အခြေခံ စားသောက်ကုန်...
ဓါတ်ပုံ - ပုံဟောင်း
August 3, 2026
ကချင်ပြည်၊ မြစ်ကြီးနား - ဆွမ်ပရာဘွမ် လမ်းပိုင်းရှိ လမုန်ဇွပ်စစ်တပ်ဂိတ်တွင် အမျိုးသား ၅ ဦးကို...
July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...
ဓါတ်ပုံ - HPDF
July 31, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း KIA ပူးပေါင်းတပ်နှင့် ရှမ်းနီအမျိုးသားများ...