အာဏာသိမ်းစစ်တပ် ပစ်ခတ်မှုကြောင့် မိုင်းနောင်ပြည်သူ ၂ ဦး ဒဏ်ရာရရှိပြီး လူနေအိမ်များ ပျက်စီး

အာဏာသိမ်းစစ်တပ် ပစ်ခတ်မှုကြောင့် မိုင်းနောင်ပြည်သူ ၂ ဦး ဒဏ်ရာရရှိပြီး လူနေအိမ်များ ပျက်စီး

အင်းတော်ကြီးမြို့ မမုန်ကိုင်အုပ်စု မိုင်းနောင်ကျေးရွာတွင် အာဏာသိမ်းစစ်တပ်မှ ကျေးရွာအတွင်း လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်များလည်း ပျက်စီးသွားကြောင်း သိရသည်။

ဩဂုတ် ၁၀ ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်မ ၃၃ ၊ ခလရ ၁၁ နှင့် ပြည်သူ့စစ်အဖွဲ့များပါဝင်သော အင်အား ၃၀ ကျော်ခန့်က မိုင်းနောင်ကျေးရွာ စုစည်းရပ်ကွက်ဘက်သို့ သေနတ်ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း အမည်မဖော်လို ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“မိုင်းနောင်ကျေးရွာရဲ့ ပတ်ပတ်လည်းမှာ တစ်ခြားလူမျိုးတွေလည်းရှိကြတယ်။ ဒါပေမယ့် အဲ့ဒီဘက်က မပစ်ဘူး။ စစ်သားတွေက ကချင်တွေနေတဲ့ ရပ်ကွက်ဘက်ဘဲ ပစ်သွားတယ်။ တစ်ချို့အိမ်တွေဆို ကျည်ထိအရာတွေကြီးဘဲ အပေါက်တွေဖြစ်ကုန်ပြီ။ အသက်ကြီးတဲ့ အမျိုးသမီး ၂ ယောက်က ဒဏ်ရာရထားတယ်” ဟု ပြောဆိုသည်။

ပစ်ခတ်မှုကြောင့် အသက် ၄၀ အရွယ်ရှိ ဒေါ်ဒရှီလုတောင် (Jan Dashi Lu Tawng) ၏ လက်မောင်းတစ်ဖက်တွင် ကျည်ထိမှန်ထားပြီး အသက် ၅၂ အရွယ်ရှိ ဖကွန်ဘေက်ဂျာ ခါးနောက်ကျောတွင် ထိခိုက်ဒဏ်ရာရှိထားကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်အဖွဲ့ကည ၁၁ နာရီဝန်းကျင်အထိ ရွာထိပ်ပိုင်းမှ ရွာအောက်ပိုင်းအထိ ည ၁၁ နာရီဝန်းကျင်အထိ လာရောက်ပစ်ခတ်မှု ပြုလုပ်သွားခဲ့သောကြောင့် စုစည်းရပ်ကွက်အတွင်း လူနေအိမ် ၅ အိမ်ထက်မနည်း လက်နက်ကျည်ထိကာ ပျက်စီးမှုရှိကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုမှာ တိုက်ပွဲဖြစ်ပွားခြင်းကြောင့်မဟုတ်ဘဲ စစ်ကောင်စီဘက်က တစ်ဖက်သတ် လာရောက်ပစ်ခတ်ခဲ့ခြင်းသာဖြစ်သည်ဟု ဒေသခံများက ဆိုပါသည်။

 
 

 

 

January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...