မကွေးတိုင်းအတွင်း ကုန်ပစ္စည်းအချို့ကို ဈေးလျော့ရောင်းချ

မကွေးတိုင်းအတွင်း ကုန်ပစ္စည်းအချို့ကို ဈေးလျော့ရောင်းချ

မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ပြည်သူများ အရေးပေါ်လိုအပ်နေသည့် ကျန်းမာရေးဆိုင်ရာပစ္စည်းများနှင့် စားသောက်ကုန်အချို့ကို အစ္စလာမ်ဘာသာဝင်များက စျေးနှုးချိုသာစွာ ရောင်းချပေးနေသည်ဟု ဒေသခံများက ပြောသည်။

ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ ကျန်းမာရေးအတွက် အဓိကလိုအပ်လျှက်ရှိသည့် အောက်စီဂျင်တိုင်းစက် (Oximeter)၊ မျက်နှာဖုံး (Mask) ဗူးများနှင့် စားသောက်ကုန်များကို မကွေး၊ မင်းဘူးနှင့် ချောက်မြို့များအတွင်း အစ္စလာမ်ဘာသာဝင်များက သြဂုတ်လ ၉ ရက်နေ့ (ယနေ့) မှစ၍ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနေသည်ဟု ပြောသည်။

လက်ရှိအခြေအနေတွင် ကျန်းမာရေးအတွက် လိုအပ်နေသည့် အောက်စီဂျင်တိုင်းစက် Oximeter အောက်စီမီတာ (ဓါတ်ခဲပါတစုံ) (၆၀၀၀) ကျပ်၊ သုံးလွှာ Mask အထူးတစ်ဘူးလျှင် ၁၀၀၀ ကျပ်နှင့် ၉၀၀ ကျပ်၊ ဆန်တစ်ပြည်၊ ကြက်ဥငါးလုံး၊ ကြက်သွန်နီတစ်ပိဿာနှင့် စားသုံးဆီ စသည့် လေးမျိုးပေါင်းအား (၁၀၀၀) ကျပ်ဖြင့် ရောင်းချပေးခြင်းဖြစ်သည်။

အမှန်တကယ်လိုအပ်ပြီး အဆင်မပြေသောသူများကို တစ်အိမ်ထောင်လျှင် တစ်ယောက်နှုန်းဖြင့် လူမျိူးမရွေးဘာသာမရွေးအား ရောင်းချပေးနေသည်ဟု ဒေသခံများက ပြောသည်။

မကွေးမြို့ပေါ်မှ အသက် ၄၀ ခန့် အမျိုးသမီးတစ်ဦးက "အခုအချိန်မှာ မရှိနွမ်းပါးသူတွေတင် မဟုတ်ပါဘူး။ လူတိုင်း အခက်အခဲဖြစ်နေကြတာဆိုတော့ အလွယ်တကူ ဈေးသက်သာစွာ ရောင်းချပေးတော့ တစ်ဘက်တစ်လမ်းက အဆင်ပြေတာပေါ့နော်” ဟု ပြောသည်။

လူမျိုးဘာသာမရွေးရောင်းချပေးသွားမည်ဖြစ်ပါသဖြင့် မည်သူမဆို လာရောက်ဝယ်ယူနိုင်ပါကြောင်း လာရောက်ဝယ်ယူသူများအနေဖြင့် COVID-19 စည်းမျဉ်းစည်းကမ်းများနှင့်အညီ Mask များတပ်ဆင်လာရန်၊ ခြောက်ပေခြား တန်းစီ စနစ်ဖြင့် ဝယ်ပေးပါရန်၊ ကလေးငယ်များကို ဝယ်ယူခိုင်းခြင်း မပြုပါရန် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်ဟု ချောက်မြို့ မင်္ဂလာဂျာမေ့အ်ဗလီဝတ်ကျောင်းတော်က ထုတ်ပြန်ကြေငြာ ထားသည်။

“အောက်စီဂျင်တိုင်းစက်ဆိုတာက မရှိဆင်းရဲသားတွေ မဝယ်နိုင်ပေမယ့် မက်စ်တို့ ဆန်တို့ ကြက်ဥနဲ့ ကြက်သွန်တို့ကတော့ ဈေးလည်း ချိုသာအောင်ရောင်းပေးတော့ ဝယ်နိုင်ကြတာပေါ့" ဟု ဒေသခံတစ်ဦးက ပြောသည်။

ယခုကာလတွင် စျေးဆိုင်များတွင် ပုံမှန်ရောင်းချနေသည့်စျေးမှာ သုံးလွှာ Mask တစ်ဗူးလျှင် ၂၂၀၀ ကျပ်၊ ကြက်ဥ ၁၀ လုံးလျှင် ၁၅၀၀ ကျပ်မှ ၁၈၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် ၄၀၀ ကျပ်မှ ၅၀၀ ကျပ်နှင့် ဆန်တစ်ပြည်လျှင် ၁၅၀၀ ကျပ်မှ ၂၀၀၀ ကျော်အထိ ရှိသည်ဟု စုံစမ်းသိရှိရသည်။

 
 

 

 

ပုံဟောင်း
May 11, 2026
မြန်မာနိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ရေးပဋိပက္ခများ...
May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...