ဖလမ်းမြ်ို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့များ ပစ်ခတ်မှုကြောင့် အသက် ၆၀ အရွယ် အမျိူးသမီးတစ်ဦး သေဆုံး

ဖလမ်းမြ်ို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့များ ပစ်ခတ်မှုကြောင့် အသက် ၆၀ အရွယ် အမျိူးသမီးတစ်ဦး သေဆုံး

ချင်းပြည်နယ်၊ ဖလမ်းမြို့မှ ၆ မိုင်ခန့်ဝေးသည့် လုံးပီး (လုံရန်း) ရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းက ရွာအတွင်း သေနတ်ပစ်ခတ်မှုကြောင့် အေဂျီအသင်းတော် သင်းအုပ်ဆရာကတော် အသက် ၆၀ အရွယ် Pi Ngeih Tling သေဆုံးခဲ့သည်ဟု သိရသည်။

လုံပီး (လုံရန်) ရပ်ကွက်တွင် ယမန်နေ့ညကတည်းက စစ်ကောင်စီတပ်ဖွဲ့သည် တစ်နေကုန်နီးပါး သေနတ်ပစ်ဖေါက်ခဲ့ကြကာ နောက်နေ့မနက်တွင် ရွာသားများသည် ဇာလိုင်ကျေးရွာဘက်သို့ ပြောင်းရွှေ့ရန် ပစ္စည်းသယ်နေကြစဉ်တွင် သေနတ်ထိမှန်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဖလမ်းဒေသခံတစ်ဦးက ပြောသည်။

“ပစ္စည်းသယ်တဲ့အချိန်မှာ သေနတ်ထိမှန်တာလို့သိရတယ်၊ ဖလမ်းဆေးရုံကိုရောက်လာပြီး မကြာခင်မှာပဲ ကွယ်လွန်သွားတာ" ဟု ဖလမ်းဒေသခံက ပြောသည်။

ချင်းအမျိူးသားအဖွဲ့ချုပ်၏ ယနေ့ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင်လည်း ပစ်ခတ်မှုများရှိနေပြီး ဖလမ်းမြို့မှ တလန်ရောရန်ကျေးရွာသို့ ဆေးကုသပြီး ပြန်သွားသည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းအား တင်ဆောင်သည့် ဆိုင်ကယ်သမားကို စကစတပ်မှ ပစ်ခတ်ခဲ့ရာ ကိုယ်ဝန်ဆောင်အမျိူးသမီးပေါင်တွင် ကျည်ဆံထိမှန်ကာ ဆိုင်ကယ်သမားကိုလည်း ဖမ်းဆီးထားသည်ဟု သိရသည်။

ထို့အပြင် ဇလိုင်ကျေးရွာမှ အမယ်အိုတစ်ဦးမှာလည်း နေအိမ်အောက်တွင် ကြောက်လန့်ကာပုန်းနေစဉ် ပစ်ခတ်ခံရပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း၊ ဖလမ်းမြို့အနီးကျေးရွာများမှ အပြစ်မဲ့ပြည်သူများကိုလည်း စကစတပ်မှ ဖမ်းဆီးမှုများရှိကာ ဖလမ်း-ရိဒ်၊ ဖလမ်း-ဟားခါးလမ်းသို့ ခရီးသွားလာခြင်းမပြုကြရန် ချင်းအမျိူးသားအဖွဲ့ချုပ်က အသိပေးထုတ်ပြန်ထားသည်။

 

February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...