ကိုဗစ်စည်းကမ်းမလိုက်နာ၍ စစ်တွေမြို့ ကျောင်းကြီးလမ်းရှိ စားသောက်ဆိုင်တစ်ဆိုင်ကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီး

ကိုဗစ်စည်းကမ်းမလိုက်နာ၍ စစ်တွေမြို့ ကျောင်းကြီးလမ်းရှိ စားသောက်ဆိုင်တစ်ဆိုင်ကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီး

စစ်တွေမြို့ ရဲနွယ်စုရပ်ကွက်၊ ကျောင်းကြီးလမ်းရှိ စားသောက်ဆိုင်တစ်ဆိုင်ကို ယမန့်နေ့ သြဂုတ်လ ၈ ရက်နေ့ ည ၁၁ နာရီခန့်တွင် စစ်တွေ မြို့နယ် ရဲတပ်ဖွဲ့က ကိုဗစ်စည်းကမ်းမလိုက်နာသဖြင့် ဝင်ရောက်ဖမ်းဆီးကြောင်း သတင်းရရှိသည်။

အမည်မဖော်လိုသည့် ၄င်းဆိုင်အနီး နေထိုင်သူတစ်ဦးက "ငြိမ်းမင်းဇံဆိုင်ပါ။ မနေ့က ည ၁၁ နာရီလောက် ရဲကားတွေ ဝင်ဖမ်းတာ။ လေးယောက်လောက် ပါသွားတယ်ထင်တယ်။ နယ်ဖက်ကကောင်လေးတွေ ဖြစ်ဖို့များတယ်။ အဲဒီဆိုင်က နေ့တိုင်း လူတွေတရုန်းရုန်းနဲ့။ ညသန်းခေါင်လဲ လူမပြတ်ဘူး" ဟု နိရဉ္စရာသို့ ပြောသည်။

အဆိုပါ ဖမ်းဆီးမှုနှင့်ပတ်သက်၍ စစ်တွေမြို့ အမှတ် ၁ ရဲစခန်း၊ စခန်းမှူးကို နိရဉ္စရာက ဆက်သွယ်မေးမြန်းရာ ၎င်းက "ဖမ်းတာက ဟုတ်တယ်။ မနေ့က ညက ဖမ်းတာ" ဟု အတည်ပြုပြောကြားပြီး အသေးစိတ်ဖြေဆိုခြင်း မရှိပါ။

သြဂုတ်လ ၄ ရက်နေ့ကလည်း စစ်တွေမြို့ပေါ် ရပ်ကွက်များရှိ ကြွေ (ရခိုင်အခေါ် ပဆစ်) ကစားနေသူ ၁၂ ဦးကို ကိုဗစ်စည်းကမ်းများမလိုက်နာ၍ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ကိုဗစ်ကာလအတွင်း ထုတ်ပြန်ထားသော အမိန့်၊ စည်းကမ်းများကို မလိုက်နာသူများကို ရှောင်တခင် ဝင်ရောက်ဖမ်းဆီးမည်ဟု စစ်တွေ ခရိုင်ရဲတပ်ဖွဲမှ အရာရှိတစ်ဦးက ဇူလိုင်လ ၁၈ ရက်နေ့က နိရဉ္စရာကို ပြောဆိုထားသည်။

ရခိုင်ပြည်နယ်အစိုးရက ကိုဗစ်နှင့်လုံခြုံရေး အကြောင်းပြချက်ဖြင့် ဧည့်စာရင်းများ စစ်ဆေးမည်ဟု ဆုံးဖြတ်ပြီးနောက် စစ်တွေမြို့တွင် ဧည့်စာရင်းတိုင်ကြားရန် မြို့နယ်ထွေ/အုပ်က ကြေညာထားသည်။

 
 

 

 

Most read this week

August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...
August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...
August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...