ရခိုင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ချင်းလူမျိုး ဦးတင်လှကို ခန့်အပ်မှုအပေါ် ချင်းအဖွဲ့အစည်း (၆) ဖွဲ့ ကန့်ကွက်

ရခိုင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ချင်းလူမျိုး ဦးတင်လှကို ခန့်အပ်မှုအပေါ် ချင်းအဖွဲ့အစည်း (၆) ဖွဲ့ ကန့်ကွက်

အိမ်စောင့်အစိုးရ၏ ရခိုင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ချင်းလူမျိုး ဦးတင်လှအား ခန့်အပ်ခြင်းကို ကန့်ကွက်ကြောင်း ရခိုင်ပြည်နယ်က ချင်းအရပ်ဖက်အဖွဲ့အစည်း ၆ ဖွဲ့က သြဂုတ်လ ၈ ရက်နေ့စွဲဖြင့် ပူးတွဲကြေညာချက် ထုတ်ပြန်သည်။

ကြေညာချက်ထုတ်ပြန်ရာတွင် ပါဝင်သည့် ချင်းအရပ်အဖွဲ့အစည်များမှာ ရခိုင်အခြေစိုက် Arakan Chin Together၊ Chin University Students in Rakhine State၊ Chin Humanitarian Assistance Tame၊ Cumtu Chin Youths (Overse)၊ Hpalakya Youth group၊ Laltu Chin Youth Network-Yangon တို့ ဖြစ်ကြသည်။

Chin Humanitarian Assistance Tame အဖွဲ့၏ ခေါင်းဆောင်တစ်ဦးက "စစ်ကောင်စီက ခန့်အပ်တာကို ဦးတင်လှအနေနဲ့ လက်ခံတဲ့ အပေါ်မှာ ကန့်ကွက်ရတာဖြစ်ပါတယ်။ ကျနော်တို့ ကန့်ကွက်တာဟာ ဦးတင်ဦးဟာ ချင်းလူမျိုးဖြစ်လို့ ကန့်ကွက်ရတာမဟုတ်ပါဘူး။ စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်တာမှန်သမျှကို ကျနော်တို့ ကန့်ကွက်ပါတယ်။ ဒီတခါက ကျနော်တို့ ချင်းလူမျိုးတွေနဲ့ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်ပြီးတော့သော်လည်းကောင်း သက်ဆိုင်နေလို့ ကန့်ကွက်ရတာပါ" ဟု နိရဉ္စရာသတင်းဌာကို ပြောသည်။

၎င်းအဖွဲ့ ၆ ဖွဲ့၏ ကျေညာချက်ထဲတွင် အာဏာသိမ်းမှုကြောင့် ချင်းလူမျိုးများအပါအဝင် မြန်မာနိုင်ငံရှိ လူမျိုးပေါင်းစုံမှ စစ်အာဏာရှင်စနစ် ပျက်သုန်းပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ပေါ်ပေါက်လာရေးအတွက် အသက်ကိုပင်စတေးပြီး တော်လှန်နေကြသည့်အချိန်တွင် စစ်အာဏာရှင် သက်ဆိုးရှည်စေမည့် ယန္တရားအောက်တွင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး လက်ခံခြင်းသည် မသင့်လျှော်ကြောင်း ရခိုင်ပြည်နယ်မှ ချင်းအရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် ရှုမြင်သည်ဟု ဖော်ပြပါရှိသည်။

"ဦးတင်လှအနေနဲ့ ပြည်သူတွေမကြိုက်တဲ့ စစ်ကောင်စီအောက်ကနေ ကိုယ့်အသိတရားနဲ့ ရုန်းထွက်ဖို့ ကျနော်တို့ မျှော်လင့်တယ်။ အဲ့လိုမှ မဟုတ်ရင် ဆက်ပြီးဖြစ်လာမယ့် အရာတွေကို သူ့အနေနဲ့ သမိုင်းပေးတာဝန်တရပ်အနေ့နဲ့  ပြစ်ဒဏ်တွေကို ခံရပါလိမ့်မယ်" ဟု ၄င်းက ဖြည့်စွက်ပြောသည်။

အဆိုပါ ပူးတွဲကြေညာချက်တွင် ဦးတင်လှသည် ရခိုင်ပြည်နယ်ရှိ ချင်းလူမျိုးများ ရွေးကောက်တင်မြှောက်ထားသူ မဟုတ်သဖြင့် ချင်းလူမျိုးများကို ကိုယ်စားမပြုကြောင်း၊ ရခိုင်ပြည်နယ်ရှိ ချင်းအရပ်ဖက်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များအနေဖြင့်လည်း စစ်ကောင်စီနှင့် မပူးပေါင်းရန် တိုက်တွန်းကြောင်း ပါဝင်သည်။

အိမ်စောင့်အစိုးရက ချင်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ပလက်၀ဒေသခံ ရခိုင်လူမျိုး ဦးစိန်ထွန်းလှအား ခန့်အပ်ခြင်းကိုလည်း ချင်းပြည်နယ်၌ ဝေဖန်ကန့်ကွက်မှုများ ရှိခဲ့သည်။

May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...