NCA ကို ပြင်ဆင်လို့ မရဟု အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဆို

NCA ကို ပြင်ဆင်လို့ မရဟု အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဆို
by -
မဇ္ဈိမ
တစ်နို်င်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို အစိုးရနှင့် တပ်မတော်တိုု့၏ သဘောဆန္ဒဖြင့် ပြင်ဆင်၍ မရဟု နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆိုသည်။

“NCA ထဲမှာ ပြင်ဆင်ခြင်းဆိုတာ မပါဘူး၊ NCA ဆိုတာလည်း အစိုးရနဲ့ တပ်မတော်က ပိုင်ဆိုင်တာမဟုတ်ဘူး၊ ဒါက ၁၇ လကြာ အကြိတ်အနယ် ဆွေးနွေးခဲ့ပြီးတော့ ပေါ်လာတဲ့စာတမ်းဖြစ်တယ်၊ တစ်ဆင့် နဲ့ တစ်ဆင့်ကြားမှာ လုပ်လာတာ၊ NCA ကတော့ ပြင်လို့ မရဘူး” ဟု ဦးဇော်ဌေးက ယနေ့ မေလ ၂၇ ရက်နေ့ နေပြည်တော် ၊ MICC-ll တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

သို့သော်လည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင် (၈) ဖွဲ့သာ လက်မှတ်ရေးထိုးထားပြီး NCA လက်မှတ်ထိုးရန် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ ကျန်ရှိနေသေးသည်။

NCA စာချုပ်ပါမူအတိုင်းသွားနိုင်ရန်အတွက် UNFC အဖွဲ့အစည်းများက စာချုပ်လက်မှတ်မထိုုးမီ နှစ်ဘက်ကြားပဋိညာဉ် တောင်းဆိုချက် (၉) ကိုတောင်းဆိုထား ပြီးနောက် ငြိမ်းချမ်းရေးကော်မရှင်နှင့်   တွေ့ဆုံဆွေးနွေးလျက်ရှိသည်။ သို့သော်လည်း မေ ၂၄ က စတင်ကျင်းပသည့် ညီလာခံကိုလေ့လာသူအဖြစ်သာ ဖိတ်ကြားသည့်အတွက် UNFC တက်ရောက်ခြင်းမရှိပေ။

ယင်းအပြင် UWSA ပြင်ပဆက်ဆံရေဌာနအကြီးအကဲဦးကျော်ကော်အမ်းက “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA အနေဖြင့်လည်း NCA စာချုပ်ကိုလက်မှတ်ထိုးမည် မဟုတ်ကြောင်း မေလ ၂၆ ရက်နေ့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုအပြီးမီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့သည်။

နေပြည်တော်တွင် ကျင်းပနေသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံဒုတိယအစည်းအဝေး ဖွင့်ပွဲကို"ဝ"ပြည်သွေးစည်း ညီညွတ်ရေးပါတီက မြောက်ပိုင်းမဟာမိတ်အဖွဲ့များကို ဦးဆောင်ပြီး တက်ရောက်လာကာ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ နိုုင်ငံတော်၏အတိုင်ပင်ခံပုုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့်တွေ့ဆုံခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်အားလုံးအနေနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) ကို လက်မှတ်ထိုး နိုင်ရေးအစိုးရက ကြိုးစားနေပြီး၊ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို တပ်မတော်နှင့် အစိုးရတို့က NCA မူအတိုင်းသာဆက်လက် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း အတိအလင်းပြောထားသည်။

May 30, 2026
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးရန်...
May 29, 2026
ပါခွီး — မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ကိစ္စရပ်များအပါအဝင်...
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...