၂၁ရာစုပင်လုံ အစည်းအဝေး ဆွေးနွေးမှုမပြီးပြတ်၍ ရက်ထပ်တိုး

၂၁ရာစုပင်လုံ အစည်းအဝေး ဆွေးနွေးမှုမပြီးပြတ်၍ ရက်ထပ်တိုး
by -
မဇ္ဈိမ
 ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေး၏ နောက်ဆုံးနေ့ ညီလာခံပိတ်ပွဲအခမ်းအနားအား နောက်သို့ တစ်ရက် ရွှေ့ဆိုင်းသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီ(UPDJC) အတွင်းရေးမှူး ဦးလှမောင်ရွှေက ယမန်နေ့ (မေ ၂၇) ညနေပိုင်းတွင် အတည်ပြု ပြောကြားသည်။

“ညှိနိုင်းစရာ အချက်တစ်ချက်လောက် ကျန်နေပါတယ်” ဟု ဦးလှမောင်ရွှေက ပြောသည်။ အဆိုပါ ညှိနိုင်းစရာအချက်ကိုမူ လောလောဆယ်ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ဦးလှမောင်ရွှေက ဆိုသည်။

ညီလာခံနောက်ဆုံးနေ့ အခမ်းအနားအား မနက်ဖြန် မေလ ၂၈ရက်တွင် ကျင်းပရန် မူလက စီစဉ်ထားသော်လည်း ဆွေးနွေးမှုများ မပြီးပြတ်သောကြောင့် မေလ ၂၉ရက်သို့ ရွှေ့ဆိုင်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

မေလ ၂၈ရက်တွင်မူ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အစည်းအဝေးကို တစ်နေကုန်ကျင်းပသွားနိုင်ခြေရှိကြောင်းလည်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

 မေလ ၂၇ ရက်တွင်မူ UPDJC အစည်းအဝေး ကျင်းပရန် ကနဦး စီစဉ်ခဲ့သော်လည်း အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသော ၈ဖွဲ့မှ ခေါင်းဆောင်များမှ နေ့လည် ၁နာရီကစပြီး ညှိနှိုုင်းဆွေးနွေးကြရာ အဓိကအချက်တစ်ချက်အား ဆွေးနွေးမှု မပြီးပြတ်သောကြောင့် မေ ၂၈ရက်၊ နံနက် ၉နာရီမှသာ UPDJC အစည်းအဝေး ကျင်းပနိုင်မည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ညနေ ၄နာရီတွင် ပြောသည်။

ညီလာခံအား မေ ၂၄ရက်က စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်မှ ခွဲမထွက်ရဟူသည့်အချက်နှင့် တစ်ခုတည်းသော တပ်မတော်ထားရှိရေးအချက်တွင် ရာနှုန်းပြည့် ပြေလည်မှု မရှိသေးကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ ဗဟိုကော်မတီဝင် မန်းငြိမ်းမောင်က ဆိုသည်။

May 30, 2026
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးရန်...
May 29, 2026
ပါခွီး — မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ကိစ္စရပ်များအပါအဝင်...
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...