ပလန စစ်ရှောင် အယောက် ၂၀ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိပြီးနောက် ကူညီထောက်ပံ့မှု လိုအပ်နေ

ပလန စစ်ရှောင် အယောက် ၂၀ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိပြီးနောက် ကူညီထောက်ပံ့မှု လိုအပ်နေ

မြစ်ကြီးနားမြို့ ပလနရပ်ကွက်ရှိ တြီနီတီ စစ်ရှောင်စခန်းတွင် ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ ၂၀ ဦး တွေ့ရှိခဲ့သည့်အတွက် ၎င်းတို့အတွက် ဆေးဝါးနှင့် အစားအသောက်များ ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း သိရသည်။

တြီနီတီ စစ်ဘေးရှောင်စခန်းမှ သံသယလူနာ ၄၂ ဦးကို ယမန်နေ့နံနက်ပိုင်းက စစ်ဆေးခဲ့ရာ ၂၀ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိပြီး ဆက်လက်စစ်ဆေးရန်အတွက် ပစ္စည်းကိရိယာများလည်း မရှိတော့ကြောင်း စခန်းတာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

“ပိုးတွေ့တော့ အခုကျန်တဲ့သူတွေကိုလည်း စစ်ဆေးဖို့ test kits မရှိတော့ဘူး။ ကလေးတွေကိုလည်း မစစ်နိုင်သေးဘူး။ ပြီးရင် ပိုးတွေ့လူနာတွေအတွက် ခွန်အားဖြစ် အစားအသောက် ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်။ အခုက ဘာဆေးဝါးမှ ပေးဖို့မရှိဘူး။ စစ်ရှောင်စခန်းမှာက လူများတာကြောင့် တစ်ယောက်ဖြစ်ပြီဆိုတာနဲ့ အားလုံးက စိုးရိမ်ရတော့မယ်။ မဖြစ်နိုင်ဘူးလို့ ပြောလို့မရတော့ဘူး” ဟု ပြောသည်။

ကိုဗစ်ပို့တွေ့လူနာများကို စစ်ရှောင်စခန်းအတွင်းမှာပဲ သီးသန့်ထားနိုင်ဖို့ရန်အတွက် ပြင်ဆင်နေသည်ဟု သိရသည်။

ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် ကိုဗစ်ပိုးကူးစက်မှု မြင့်တက်လာသောကြောင့် စစ်ရှောင်များ အခက်အခဲကြုံနေရကြောင်း သိရသည်။

 
 

 

 

January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...