ပလန စစ်ရှောင် အယောက် ၂၀ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိပြီးနောက် ကူညီထောက်ပံ့မှု လိုအပ်နေ

ပလန စစ်ရှောင် အယောက် ၂၀ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိပြီးနောက် ကူညီထောက်ပံ့မှု လိုအပ်နေ

မြစ်ကြီးနားမြို့ ပလနရပ်ကွက်ရှိ တြီနီတီ စစ်ရှောင်စခန်းတွင် ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ ၂၀ ဦး တွေ့ရှိခဲ့သည့်အတွက် ၎င်းတို့အတွက် ဆေးဝါးနှင့် အစားအသောက်များ ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း သိရသည်။

တြီနီတီ စစ်ဘေးရှောင်စခန်းမှ သံသယလူနာ ၄၂ ဦးကို ယမန်နေ့နံနက်ပိုင်းက စစ်ဆေးခဲ့ရာ ၂၀ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိပြီး ဆက်လက်စစ်ဆေးရန်အတွက် ပစ္စည်းကိရိယာများလည်း မရှိတော့ကြောင်း စခန်းတာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

“ပိုးတွေ့တော့ အခုကျန်တဲ့သူတွေကိုလည်း စစ်ဆေးဖို့ test kits မရှိတော့ဘူး။ ကလေးတွေကိုလည်း မစစ်နိုင်သေးဘူး။ ပြီးရင် ပိုးတွေ့လူနာတွေအတွက် ခွန်အားဖြစ် အစားအသောက် ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်။ အခုက ဘာဆေးဝါးမှ ပေးဖို့မရှိဘူး။ စစ်ရှောင်စခန်းမှာက လူများတာကြောင့် တစ်ယောက်ဖြစ်ပြီဆိုတာနဲ့ အားလုံးက စိုးရိမ်ရတော့မယ်။ မဖြစ်နိုင်ဘူးလို့ ပြောလို့မရတော့ဘူး” ဟု ပြောသည်။

ကိုဗစ်ပို့တွေ့လူနာများကို စစ်ရှောင်စခန်းအတွင်းမှာပဲ သီးသန့်ထားနိုင်ဖို့ရန်အတွက် ပြင်ဆင်နေသည်ဟု သိရသည်။

ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် ကိုဗစ်ပိုးကူးစက်မှု မြင့်တက်လာသောကြောင့် စစ်ရှောင်များ အခက်အခဲကြုံနေရကြောင်း သိရသည်။

 
 

 

 

Most read this week

August 4, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ ရှဒေါင်ကျေးရွာတွင် အလယ်တန်းကျောင်းသားအရွယ် ကလေးများအကြား...
ပူတာအိုမြို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ကိုရဲ / Crd)
August 3, 2026
ကချင်ပြည်၊ ပူတာအိုဒေသတွင် ကုန်စည်ဝင်ရောက်မှု အခက်အခဲများကြောင့် အခြေခံ စားသောက်ကုန်...
ဓါတ်ပုံ - ပုံဟောင်း
August 3, 2026
ကချင်ပြည်၊ မြစ်ကြီးနား - ဆွမ်ပရာဘွမ် လမ်းပိုင်းရှိ လမုန်ဇွပ်စစ်တပ်ဂိတ်တွင် အမျိုးသား ၅ ဦးကို...
July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...