စစ်ကောင်စီမှ လူသားဒိုင်းအဖြစ်ခေါ်ဆောင်သွားသော ဒေသခံ ၂ ဦး ဒဏ်ရာရရှိခဲ့သဖြင့် ပြန်လွှတ်ပေး

စစ်ကောင်စီမှ လူသားဒိုင်းအဖြစ်ခေါ်ဆောင်သွားသော ဒေသခံ ၂ ဦး ဒဏ်ရာရရှိခဲ့သဖြင့် ပြန်လွှတ်ပေး

ဖားကန့်မြို့နယ် လဝါးကျေးရွာအုပ်စု မဂေါင်ကထောင်ကျေးရွာတွင် အာဏာသိမ်းစစ်တပ်၏ လူသားဒိုင်းအဖြစ် အသုံးပြုခံရသည့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရသည်။

ဩဂုတ်လ ၄ ရက်နေ့ ညနေ ၆ နာရီ မိုးချုပ်ခါနီးအချိန်တွင် မဂေါင်ကထောင်ကျေးရွာမှ ငါးမျှားသွားသည့် အမျိုးသားတစ်ဦးနှင့် နွားမောင်းရာမှ ပြန်လာသည့် အမျိုသားတစ်ဦးတို့ ၂ ဦးကို စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် လမ်းတွင် မိုင်းခွဲခံရကာ ထိခိုက်ဒဏ်ရာရှိခဲ့သည်ဟု မဂေါင်ဒေသခံတစ်ဦးက ယခုလိုပြောဆိုခဲ့သည်။

“ကျမတို့ရွာအနီးမှာ စစ်သားတွေရှိမှန်းလည်းမသိ။ မိုးချုပ်ခါနီးရှိပြီတဲ့ သူတို့ ၂ ယောက်ပြောတာ။ တစ်ယောက်က ငါးမျှာသွားတယ်။ တစ်ယောက် နွားမောင်းပြန်လာတာ။ လမ်းမှာ စစ်သားတွေနဲ့တွေ့လို့ ခေါ်သွားတယ်လို့ပြောတယ်။ သူတို့ ၂ ယောက်ကို ရှေ့ကနေသွားခိုင်းပြီး ကာမိုင်းဘက်ကိုသွားတယ်တဲ့။ အဲ့မှာ သွားရင်းနဲ့ လမ်းမှာ မိုင်းကွဲခံရတယ်လို့ဘဲသိတယ်” ဟု ပြောဆိုသည်။

စစ်ကောင်စီတပ်၏ လူသားဒိုင်းအဖြစ် အသုံးပြုခံရသည့် အမျိုးသား ၂ ဦးမှာ အသက် ၅၀ အရွယ် ဦးဂမ်အောင်တန်နှင့် အသက် ၄၀ အရွယ် ဦးဆမ်ဆက်တို့ဖြစ်ကြပြီး ၂ ဦးစလုံးမှာ မိုင်းထိဒဏ်ရာရှိထားကြောင်း သိရသည်။

ဒေသခံ ၂ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသော စစ်ကြောင်းတွင် စစ်အင်အား ၅၀ ခန့်ရှိပြီး ည ၁၁ နာရီခွဲဝန်းကျင် မဂေါင်းကထောင်ကျေးရွာမှ ကားမိုင်းဘက်သွားသည့်လမ်း နောင်းခမ်းဘွမ့် (Nawng Hkam Bum) တွင် KIA က မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“စစ်တပ်က ဒွမ်ဘုန်းချောင်းတည့်တည့် ကားမိုင်းဘက်ကို သွားတယ်လို့သိရတယ်။ လဝါးကျေးရွာကနေ ဖားကန့်ဘက်အထွက်မှာရှိတဲ့ မဂေါင်းကထောင်ကျေးရွာအနီးမှာ KIA က လမ်းမှာစောင့်ပြီး မိုင်းခွဲတိုက်ခိုက်ခဲ့တယ်။ နောက်မှ အဲ့နေရာမှာဘဲ အပြန်အလှန် ခန ပစ်ခတ်ကြတယ်လိုပြောတယ်” ဟု ပြောဆိုသည်။

KIA က မိုင်းခွဲတိုက်ခိုက်ခဲ့သည့် ထိုနေရာတွင်၂ ဖက်တပ် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အာဏာသိမ်းစစ်တပ်ဘက် ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူသားဒိုင်းအဖြစ် ခေါ်ဆောင်ခံရသော အမျိုးသား ၂ ဦးလည်း ထိခိုက်ဒဏ်ရာရှိသွားကြောင်း သိရသည်။

ယမန်နေ့ နံနက်ပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်ခံရသော အမျိုးသား ၂ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး၊ စစ်ကောင်စီတပ်များကလည်း မဂေါင်ကထောင်ကျေးရွာ စာသင်ကျောင်းတွင် တပ်ချလျက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

 
 

 

 

Most read this week

ပူတာအိုမြို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ကိုရဲ / Crd)
August 3, 2026
ကချင်ပြည်၊ ပူတာအိုဒေသတွင် ကုန်စည်ဝင်ရောက်မှု အခက်အခဲများကြောင့် အခြေခံ စားသောက်ကုန်...
ဓါတ်ပုံ - ပုံဟောင်း
August 3, 2026
ကချင်ပြည်၊ မြစ်ကြီးနား - ဆွမ်ပရာဘွမ် လမ်းပိုင်းရှိ လမုန်ဇွပ်စစ်တပ်ဂိတ်တွင် အမျိုးသား ၅ ဦးကို...
July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...
ဓါတ်ပုံ - HPDF
July 31, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း KIA ပူးပေါင်းတပ်နှင့် ရှမ်းနီအမျိုးသားများ...