စစ်ကောက်စီ တပ်ဖွဲ့ ရွာထဲထိ လက်နက်ကြီးပစ်ခတ်

စစ်ကောက်စီ တပ်ဖွဲ့ ရွာထဲထိ လက်နက်ကြီးပစ်ခတ်

သျှမ်းပြည် မြောက်ပိုင်း ပန်ဆိုင်းမြို့နယ်ခွဲ အတွင်းတွင် စစ်ကောင်စီတပ်သားများနှင့် ကိုးကန့်တပ်မတော် (MNDDA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတို့မှ ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ရွာခံများ ထွက်ပြေးနေရကြောင်း သိရသည်။

ပန်ဆိုင်းမြို့နယ်ခွဲအတွင်းရှိ ဖိုင်ကောင်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတို့မှ ပြည်သူများရှိနေသည့် ရွာထဲသို့ လက်နက်ကြီးပစ်လိုက်ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့က ရွာထဲကို လက်နက်ကြီးနဲ့ သုံးချက်လောက် လှမ်းပစ်တယ်၊ ထပ်ပစ်မှာစိုးလို့ ထွက်ပြေးလာကြတာ၊ ဖိုင်ကောင်ရွာလုံးကျွတ်ပဲ” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

အဆိုပါ ဖိုင်ကောင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ရွာသားများ ၃၀၀ နီးပါးခန့်တို့က နေအိမ်များကိုစွန့်ခွာပြီး တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ယမန်နေ့ (သြဂုတ် ၄) ရက်တွင် MNDAA နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ကျေးရွာထဲ လက်နက်ကြီးများကို ပစ်ခတ်မှုရှိသောကြောင့် တောထဲထွက်ပြေးရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“သူတို့က ရွာပြင်မှာ တိုက်ပွဲဖြစ်ပြီး ကျေးရွာဖက်ကို ကျည်မကျလာစေရန်တော့ တစ်မျိုးပေါ့၊ အခုက လူတွေနေတဲ့ရွာထဲကို လက်နက်ကြီးတွေ ပစ်ထည့်လိုက်တော့ ရွာသားတွေလည်း မနေရဲတော့ဘူးလေ၊ အခုလို အိမ်ကိုစွန့်ခွာပြီး ထွက်ပြေးတော့ လူကိုယ်တိုင်က လွတ်ပေမယ့် ကျန်ခဲ့တဲ့ အိမ်နဲ့ပစ္စည်းတွေ ပျက်စီးဆုံးရှုံးမှာလည်း စိုးရိမ်မိတယ်” ဟု ၎င်းကဆိုသည်။

စစ်ကောင်စီနှင့် MNDAA တိုက်ပွဲအရှိန် ထပ်မံပြင်းထန်လာမည်ကို ဒေသခံများက စိုးရိမ်နေကြောင်း သိရသည်။

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...