တောင်ကုတ်မြို့နယ်တွင် ကျေးရွာတာဝန်ခံတစ်ဦး ဖမ်းဆီးခေါ်ဆောင်ခံရ

တောင်ကုတ်မြို့နယ်တွင် ကျေးရွာတာဝန်ခံတစ်ဦး ဖမ်းဆီးခေါ်ဆောင်ခံရ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ကြိုးကြာကွင်းကျေးရွာတွင် ဩဂုတ်လ ၃ ရက်နေ့ည ၇ နာရီခန့်က ကျေးရွာတာဝန်ခံတစ်ဦးကို အမည်မသိလူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူမှာ ကိုဇော်မင်းလှိုင် (၃၅) နှစ်ဖြစ်ကြောင်း ကြိုးကြာကွင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က နိရဥ္စရာသတင်းဌာနအားပြောသည်။

“မနေ့က နေ့လယ်လောက်က သူက ကျွန်တော့်ကိုလာပြောပါတယ်။ ရွာထဲမှာ ကိုဗစ်ကာကွယ်ရေးလုပ်နေတဲ့ အမည်မသိလူတစ်စုကို ဘယ်သူ့ခွင့်ပြုချက်နဲ့လုပ်တာလဲလို့ သွားမေးတယ်လို့ပြောတယ်။ ငါက ကျေးရွာတာဝန်ခံ၊ ငါမသိဘဲ ဘာမှလုပ်လို့မရဘူးဆိုပြီးပေါ့။ သူက နည်းနည်းလည်းမူးနေတာပါ။ အဲဒါနဲ့ ညနေဖက် လူနှစ်ယောက်က အိမ်ကလာခေါ်တယ်လို့သိရတယ်” ဟု ပြောသည်။

ယမန်နေ့ နေ့လယ်ခန့်က အဆိုပါ ကြိုးကြားကွင်းကျေးရွာတွင် အမျိုးသမီးနှစ်ဦး ဖမ်းဆီးခံရကြောင်း ဖေ့စ်ဘုတ်လူမှုစာမျက်နှာပေါ်တွင် သတင်းများထွက်ပေါ်နေသည်နှင့်ပတ်သက်၍ ဆက်လက်မေးမြန်းရာ ၎င်းသတင်းမှာ မဟုတ်မှန်ကြောင်း ပြောဆိုသည်။

"မဟုတ်ပါဘူး။ ကျွန်တော်တို့ရွာမှာ ဘယ်အမျိုးသမီးမှ အဖမ်းမခံရပါဘူး" ဟု ပြောသည်။

၄င်းအနေဖြင့် ကျေးရွာတာဝန်ခံမှာ အပြောအဆိုမတတ်ဘဲ အရက်သေစာသောက်စားထားသဖြင့် ယခုကဲ့သို့ ဖြစ်သွားခဲ့ရခြင်းဖြစ်သဖြင့် ဖမ်းဆီးထားသည့် အဖွဲ့အစည်းကို နားလည်ပေးရန် တောင်းဆိုလိုကြောင်း ပြောသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူ၏ မိသားစုဝင်များမှာလည်း စိုးရိမ်လျက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့ ဒု- ရဲမှူး ဇော်လတ်က “ကျွန်တော်တို့ကြားပါတယ်။ ခေါ်သွားတယ်လို့ပေါ့။ ဖမ်းတာလားဘာလား။ အတိအကျတော့ မသိဘူး၊ ကျွန်တော်တို့။ ဘယ်သူဖမ်းတာ ဘာညာမသိပါဘူး” ဟု ပြောသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...