ပလက်ဝမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၄ ဦးထပ်မံတွေ့ရှိပြီး လက်ရှိ ၉၇ ဦးဆေးကုမှုခံယူနေ

ပလက်ဝမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၄ ဦးထပ်မံတွေ့ရှိပြီး လက်ရှိ ၉၇ ဦးဆေးကုမှုခံယူနေ

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့တွင် ယမန်နေ့ ကိုဗစ်ပိုးတွေ့လူနာ ၄ ဦးထပ်မံတွေ့ရှိပြီး လက်ရှိတွင် ကိုဗစ်ပိုးတွေ့လူနာ ၉၇ ဦး ဆေးကုသမှုခံယူလျှက်ရှိကြောင်း သိရသည်။

“ဒီနေ့က ပိုးတွေ့လူနာ ၄ ယောက်ရှိတယ်၊ သူတို့က Facility Quarantine ထားတဲ့ထဲက ၂ ယောက်နဲ့ ဆေးရုံဝန်ထမ်းထဲက ဆရာမ ၂ ယောက်ပါ၊ ဒီီနေ့တွေ့တဲ့ဟာနဲ့ဆိုရင် ၉၇ ယောက်က ကုသနေဆဲ၊ ပလက်ဝမှာ စုစုပေါင်းကပိုးတွေ့လူနာက ၃၀၅ ယောက်ရှိသွားပြီ” ဟု ပလက်ဝမြို့ ပြည်သူ့ဆေးရုံက ဒေါက်တာခိုင်ဝင်းက ပြောသည်။

ပလက်ဝမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု မြင့်မားလျှက်ရှိပြီး ပလက်ဝမြို့ပေါ်တွင် ကိုဗစ်ပိုးတွေ့လူနာ ၂၇၇ ဦး၊ မြိတ်ဝ ၂၈ ဦး၊ ဆမီး ၄ ဦး၊ စုစုပေါင်း (၃၀၅) ဦးအနက် (၂၁၀) ဦးမှာ သက်သာပျောက်ကင်းသောကြောင့် ဆေးရုံမှ ဆင်းသွားကြပြီးဖြစ်ကာ ငှက်ဖျားရောဂါဖြင့် သေဆုံးသူ (၁) ဦး၊ အသည်းရောင်ရောဂါဖြင့် သေဆုံးသူ (၁) ဦး၊ စုစုပေါင်း (၂) ဦးသေဆုံးသည်ဟု သိရသည်။

အလားတူ ချင်းပြည်နယ် မင်းတပ်မြို့တွင်လည်း ကိုဗစ်ပိုးတွေ့လူနာ (၂၅) ဦးရှိပြီး (၁၀) ဦးမှာ သက်သာပျောက်ကင်းပြီး လက်ရှိတွင် ကုသမှုခံယူနေသူ ၁၅ ဦး၊ သြဂုတ်လ ၂ ရက်နေ့က မန္ထလေးက ဆေးကုပြီး မင်းတပ်မြို့ကိုပြန်လာသူ အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး နေအိမ်တွင် သေဆုံးပြီးမှ ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်းလည်း သိရသည်။

ချင်းပြည်နယ် ကန်ပလက်မြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၅၄ ဦးရှိပြီး (၁၀) ဦးက ဆေးရုံကနေဆင်းခဲ့ပြီး လက်ရှိ ကုသမှုခံယူနေသူ (၄၄) ဦးနှင့် မတူပီမြို့ ကိုဗစ်ပိုးတွေ့လူနာ ၂၉ ဦးရှိခဲ့ပြီး လက်ရှိ ၁၁ ဦး ဆေးကုသမှုခံယူနေသည်ဟုလည်း သိရသည်။

ချင်းပြည်နယ်တောင်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု မြင့်မားသည့်အပြင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတို့အကြား တိုက်ပွဲဖြစ်ပွားမှုတွေကြောင့်လည်း စစ်ဘေးရှောင် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူထောင်ချီရှိနေကြောင်းလည်း သိရသည်။

May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...