လားရှိုးဈေးများ ပိတ်ထားရသည့်အတွက် စားသောက်ကုန်နှင့်ဆေးဝါး အခက်အခဲရှိ

လားရှိုးဈေးများ ပိတ်ထားရသည့်အတွက် စားသောက်ကုန်နှင့်ဆေးဝါး အခက်အခဲရှိ

သျှမ်းမြောက် လားရှိုးမြို့ရှိ မြို့မဈေးကြီးအပါအဝင် မြို့တွင်းရပ်ကွက်ရှိ အခြားဈေးများကိုလည်း ယာယီပိတ်ထားရသည့်အတွက် အစားအသောက်များဝယ်ယူရရှိရန် ခက်ခဲနေကြောင်း ဒေသခံများထံမှ သိရသည်။

“အစားအသောက်ကို ဈေးသည်တွေဆီကပဲ ဝယ်စားရတယ်၊ အလုပ်မလုပ်ရတော့ ဝင်ငွေလည်းမရှိတော့ဘူး၊ အပြင်လည်းထွက်လို့မရဘူးဆိုတော့ အစားအသောက်အတွက် ခက်ခဲတယ်” ဟု လားရှိုးဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ယခင်က ရပ်ကွက်ထောက်ခံချက်ပါလျှင် အခြားကျေးရွာသို့ သွားလာနိုင်သော်လည်း ယခုတွင် ရွာအဝင်/အထွက်လမ်းများ ပိတ်ထားသည့်အတွက် အစားအသောက်ဝယ်ယူရန် ပိုမိုခက်ခဲနေတာ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အစားအစာများရရှိရန် ခက်ခဲမှုရှိနေသည့် ဒေသခံများကို အစားအစာများ ဝယ်ယူပို့ဆောင် ကူညီပေးနေသည့် ဒေသခံ လူငယ်အမျိုးသားတစ်ဦးကလည်း ခုလို ပြောသည်။

“ကြက်ဥ၊ အသားတု၊ ကြာဇံတွေဆို ဝယ်တဲ့သူတွေ များလွန်းလို့ ဝယ်လို့မရတာတွေဖြစ်တယ်၊ ဆေးတွေလည်း အဲ့လိုပဲ၊ မဖွင့်တဲ့ဆိုင်က များပြီး ဖွင့်တဲ့ဆေးဆိုင်မှာလည်း ဆေးတွေက ပြတ်နေပြီ၊ လိုသလောက်မရတော့တဲ့အခြေနေတွေဖြစ်နေတော့တာ” ဟု ဆိုသည်။

လားရှိုးတွင် နေ့လည် (၁၂) နာရီ နောက်ပိုင်း အပြင်သွားလာခြင်းကို ပိတ်ပင်ထားပြီး ဆေးဆိုင်များကိုတော့ဖွင့်လှစ်ခွင့်ပြုထားသော်လည်း ဆေးဆိုင် အနည်းငယ်သာ ဖွင့်လှစ်ရောင်းချနေတာဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ (၁) ရက်နေ့က မြို့မဈေးကြီးအပါအဝင် အောင်မင်္ဂလာဈေးနှင့် လားရှိုးကြီးဈေးရှိ အဓိက စားသောက်ကုန်များဖြစ်သည့် ဆန်၊ အသားငါးဆိုင်နှင့် ဆေးဝါးဆိုင်များကို ဖွင့်လှစ်ခွင့်ပြုခဲ့သော်လည်း သြဂုတ် (၃) ရက် ယမန်နေ့တွင် အဆိုပါဈေးဆိုင်များအား ယာယီပြန်လည်ပိတ်သိမ်းလိုက်ကြောင်း သိရသည်။

Stay at home သတ်မှတ်ထားသည့် လားရှိုးမြို့နယ်တွင် ယမန်နေ့က ကိုဗစ်အတည်ပြုလူနာ (၆၄) ဦး တွေ့ရှိခဲ့ရသည့်အတွက် ရောဂါကူးစက်ခံရသူ (၂၀၀၀) နီးပါးရှိလာပြီး သေဆုံးသူ (၁၀၀) ဝန်းကျင်နှင့် ဆေးရုံဆင်းခွင့်ရသူ (၁၃၀၀) ကျော်ရှိနေကြောင်း သိရသည်။

 
 

 

 

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...