ကလေးမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၁ ဦးနှင့် သံသယလူနာ ၆ ဦးသေဆုံး

ကလေးမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၁ ဦးနှင့် သံသယလူနာ ၆ ဦးသေဆုံး

ကလေးမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၁ ဦးနှင့် သံသယလူနာ ၆ ဦး စုစုပေါင်း ၇ ဦး ယမန်နေ့ (ဩဂုတ်လ ၃ ရက်နေ့) က သေဆုံးကြောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့ထံမှ သိရသည်။

"ဒီနေ့သေဆုံးသူ အားလုံးက ၇ ဦးရှိတယ်၊ အဲဒီထဲက Positive ၁ ဦးက ပြည်သူ့ဆေးရုံက သေဆုံးတာဖြစ်တယ်၊ သံသယလူနာက ၆ ယောက် ရောဂါအခံနဲ့ အသက်ကြီးပိုင်းတွေများတယ်" ဟု ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး Volunteer မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ဇူလိုင်လ ၁ ရက်နေ့မှ ဩဂုတ် ၃ ရက်နေ့အထိ ကိုဗစ် Positive လူနာ ၉၈ ဦးနှင့် သံသယလူနာ (၅၃၇) ဦး စုစုပေါင်း (၆၃၅) ဦး သေဆုံးပြီဟု သိရသည်။

ယမန်နေ့ သြဂုတ်လ ၂ ရက်နေ့ကလည်း ကိုဗစ်-၁၉ ရောဂါကြောင့် သံသယလူနာ ၁၃ ဦးသေဆုံးကြောင်း သိရသည်။

ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်မားခြင်းကြောင့် အောက်ဆီဂျင်မလုံလောက်မှုမှာလည်း ဆက်လက်ရင်ဆင်နေရဆဲသည်ဟု သိရသည်။

 
 

 

 

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...