ကလေးမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၁ ဦးနှင့် သံသယလူနာ ၆ ဦးသေဆုံး

ကလေးမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၁ ဦးနှင့် သံသယလူနာ ၆ ဦးသေဆုံး

ကလေးမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၁ ဦးနှင့် သံသယလူနာ ၆ ဦး စုစုပေါင်း ၇ ဦး ယမန်နေ့ (ဩဂုတ်လ ၃ ရက်နေ့) က သေဆုံးကြောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့ထံမှ သိရသည်။

"ဒီနေ့သေဆုံးသူ အားလုံးက ၇ ဦးရှိတယ်၊ အဲဒီထဲက Positive ၁ ဦးက ပြည်သူ့ဆေးရုံက သေဆုံးတာဖြစ်တယ်၊ သံသယလူနာက ၆ ယောက် ရောဂါအခံနဲ့ အသက်ကြီးပိုင်းတွေများတယ်" ဟု ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး Volunteer မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ဇူလိုင်လ ၁ ရက်နေ့မှ ဩဂုတ် ၃ ရက်နေ့အထိ ကိုဗစ် Positive လူနာ ၉၈ ဦးနှင့် သံသယလူနာ (၅၃၇) ဦး စုစုပေါင်း (၆၃၅) ဦး သေဆုံးပြီဟု သိရသည်။

ယမန်နေ့ သြဂုတ်လ ၂ ရက်နေ့ကလည်း ကိုဗစ်-၁၉ ရောဂါကြောင့် သံသယလူနာ ၁၃ ဦးသေဆုံးကြောင်း သိရသည်။

ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်မားခြင်းကြောင့် အောက်ဆီဂျင်မလုံလောက်မှုမှာလည်း ဆက်လက်ရင်ဆင်နေရဆဲသည်ဟု သိရသည်။

 
 

 

 

May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...