လိုင်ဇာမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် ပထမဆုံး အမျိုးသမီးတစ်ဦး သေဆုံး

လိုင်ဇာမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် ပထမဆုံး အမျိုးသမီးတစ်ဦး သေဆုံး

KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြင့် ပထမဆုံးအကြိမ် အမျိုးသမီးတစ်ဦး ယမန်နေ့ သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူမှာ Munglai Hkyet Quarantine Center တွင် ကိုဗစ်အတည်ပြုလူနာအဖြစ် ဆေးကုသခံယူနေရသည့် အသက် ၄၂ အရွယ် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း KIO ကိုဗစ်-၁၉ ကာကွယ်တိုက်ဖျက်ရေးအဖွဲ့မှ ဗိုလ်မှူးကြီးဟိန်းဝမ်က KNG ကို ပြောသည်။

“ဒီမနက် ၇ နာရီဝန်းကျင်လောက်မှာ ဆုံးသွားတာဟုတ်တယ်။ သေဆုံးသွားတဲ့အမျိုးသမီးက နဂိုကနေ သွေးတိုးနဲ့ ဆီးချို ၂ မျိုးစလုံး ရောဂါ အခံရှိတဲ့သူဖြစ်တယ်။ ပိုးစတွေ့တဲ့နေ့ဘဲ သူ့ကို ဆေးကုသတဲ့နေရာကို ပို့လိုက်တယ်။ ပိုးတွေ့တုန်းကတော့ ပုံမှန်ဖြစ်သေးတယ်။ မနေ့ကဘဲ အခြေအနေပိုဆိုးလာပြီး ဒီကနေ့ဆုံးသွားတာဖြစ်သည်ဟု” ပြောဆိုသည်။

သေဆုံးသွားသည့် အမျိုးသမီးမှာ လိုင်ဇာဝေကျိုင်တွင် နေထိုင်သူဖြစ်ကာ ဇူလိုင်လ ၂၉ ရက်နေ့တွင် ပိုးစစ်ဆေးတွေ့ရှိခဲ့သူဖြစ်သည်။

ဩဂုတ်လ ၃ ရက်နေ့အထိ လိုင်ဇာမြို့တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂၀ ဦးကျော်ထိရှိလာပြီဖြစ်ကာ အများစုမှာ ဝေကျိုင်နှင့် ရပ်ကွက် ၅ တို့တွင်ဖြစ်သည်။

KIO ထိန်းချုပ်နယ်မြေများအနက် မိုင်ဂျာယန်သည် ပိုးတွေ့လူနာဦးရေ ၇၀၀ ကျော်ဖြင့် အများဆုံးဖြစ်သည်။

 
 

 

 

Most read this week

ပူတာအိုမြို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ကိုရဲ / Crd)
August 3, 2026
ကချင်ပြည်၊ ပူတာအိုဒေသတွင် ကုန်စည်ဝင်ရောက်မှု အခက်အခဲများကြောင့် အခြေခံ စားသောက်ကုန်...
ဓါတ်ပုံ - ပုံဟောင်း
August 3, 2026
ကချင်ပြည်၊ မြစ်ကြီးနား - ဆွမ်ပရာဘွမ် လမ်းပိုင်းရှိ လမုန်ဇွပ်စစ်တပ်ဂိတ်တွင် အမျိုးသား ၅ ဦးကို...
July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...
ဓါတ်ပုံ - HPDF
July 31, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း KIA ပူးပေါင်းတပ်နှင့် ရှမ်းနီအမျိုးသားများ...