ကလောမြို့နယ်တွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ (၁၀၈) ဦးထိရှိ

ကလောမြို့နယ်တွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ (၁၀၈) ဦးထိရှိ

သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ်တွင် ယမန့်နေ (သြဂုတ် ၂) ရက်ထိ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူစုစုပေါင်း ၁၀၈ ဦးရှိကြောင်း စုံစမ်းသိရှိရသည်။

ကလောမြို့နယ်အတွင်းရှိ ကလောမြို့တွင် ယနေ့ သြဂုတ် ၃ ရက်ထိ ပိုးတွေ့လူနာ (၁၉၁) ဦးရှိပြီး သေဆုံးသူ ၃၄ ဦးနှင့် လက်ရှိဆေးရုံတွင် ဆေးကုနေသူ ၂၂ ဦးရှိကြောင်း၊ အောင်ပန်းမြို့တွင် ပိုးတွေ့လူနာ ၄၀၄ ဦးရှိပြီး၊ သေဆုံးသူ ၇၅ ဦးရှိကြောင်း သိရသည်။

ထို့ပြင် ဟဲဟိုးမြို့တွင်လည်း ပိုးတွေ့လူနာ ၉၄ ဦးရှိပြီး သေဆုံးသူ ၃ ဦးရှိကြောင်း သိရသည်။

ထိုသို့ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမြင့်တက်လာသောကြောင့် “ဖြစ်နိုင်ရင်တော့ အိမ်မှာနေစေချင်တယ်။ အပြင်တွေမလိုအပ်ရင် မထွက်နဲ့။ ထွက်လဲ Mask (နှာခေါင်းစည်း) တပ်၊ ပြီးတော့ လက်ကို မကြာခဏဆေးတာလုပ်စေချင်တယ်” ဟု ကလောမြို့ ဒေါက်တာတဦးက ပြောသည်။

ကလောမြို့နယ်အတွင်း ကိုဗစ်-၁၉ ကို ထိန်းချုပ်ရန်အတွက် အောင်ပန်းမြို့အား Stay at home အဖြစ် သတ်မှတ်ထားပြီး ကလောမြို့မဈေးကိုလည်း သြဂုတ်လ ၁၇ ရက်ထိ ပိတ်သိမ်းထားမည်ဖြစ်ကြောင်း သိရသည်။

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...