ဖားကန့်လမ်း အာဏာသိမ်းတပ် စစ်ကြောင်းကို KIA မိုင်းဖြင့် စောင့်ကြိုတိုက်ခိုက်

ဖားကန့်လမ်း အာဏာသိမ်းတပ် စစ်ကြောင်းကို KIA မိုင်းဖြင့် စောင့်ကြိုတိုက်ခိုက်

ဖားကန့်လမ်းမပေါ်  နန့်ယားကျေးရွာ (Nam Ya Mare) မှ တက်လာသည့် အာဏာသိမ်းစစ်တပ်အဖွဲ့ကို ယမန်နေ့ နံနက် ၈ နာရီခွဲတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းကို ကပ်မှော်အုပ်စု နန့်တိန်း (Nam Tin Mare) နှင့် ပျားအုံ (Gat Noi Mare) ကျေးရွာ ၂ ခုကြားရှိ ယုန်းတောင် (Yung Tawng) ကျေးရွာတွင် KIA တပ်မဟာ ၉ အောက် တပ်ရင်း (၄၄) အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု နန့်တိန်းဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“စစ်တပ်က ဖားကန့်ဘက်ကို ပြန်တက်လာကြတာ ဟုတ်တယ်။ KIA က လမ်းမှာ ကြိုစောင့်ဝင်ပစ်တဲ့သဘောပါ။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာက ယုန်းတောင်ကျေးရွာမှာရှိတဲ့ ဒညှင်းသီးခြံတစ်ခုနားမှာ ပစ်ကြတယ်လို့သိရတယ်။ KIA က အရင်မိုင်းခွဲတိုက်ခိုက်တယ်လို့ သိရတယ်။ နောက်မှ လက်နက်ကြီးသံတွေပြန်ကြားရတယ်။ တိုက်ပွဲအချိန် တော်တော်ကြာတယ်။ ဒါပေမယ့် အခုကပြန်ငြိမ်သွားပြီ” ဟု ပြောဆိုသည်။

စစ်ကောင်စီစစ်ကြောင်းကို မိုင်းခွဲတိုက်ခိုက်ခြင်းဖြစ်သောကြောင့် စစ်တပ်ဘက်မှ ထိခိုက်မှုရှိနိုင်ကြောင်း သူက ဆက်လက်ပြောဆိုခဲ့သည်။

ယင်းနေ့နံနက် ကြားဖြတ်တိုက်ခိုက်ခံရသည့် အာဏာသိမ်းစစ်တပ်အဖွဲ့မှာ ဇူလိုင်လ ၂၉ ရက်နေ့ ကားမိုင်းမြို့မှ နန့်ယားကျေးရွာဘက်သို့ တက်လာခဲ့ကြသည့် စစ်ကြောင်းဖြစ်ပြီး ထိုမှတဆင့် ဖားကန့်ဘက်သို့ ပြန်လည်တက်လာခဲ့ရာ စောင့်ကြိုတိုက်ခိုက်ခံရခြင်းဖြစ်သည်။

ဖားကန့်လမ်းတွင် လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် ပျားအုံ၊ ခွမ်ဆိုင်ဇွပ်နှင့် တံတားညီနောင်နေရာများတွင် ပြီးခဲ့သော ဇူလိုင်လကလည်း အာဏာသိမ်းစစ်တပ်နှင့် KIA တို့ကြား ၃ ကြိမ်ထက်မနည်း တိုက်ပွဲပြင်းထန်ခဲ့သည်။

ထို့သို့ မကြာခဏတိုက်ပွဲဖြစ်ပွားမှုကြောင့် ဖားကန့်လမ်းတစ်လျှောက်တွင်ရှိသော ကျေးရွာ ၃ ခုမှ ဒေသခံ ၁၀၀ ကျော်သည် ဆိုင်းဖရာကျေးရွာတွင် စစ်ရှောင်အဖြစ် ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည်။

 
 

 

 

Most read this week

ပူတာအိုမြို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ကိုရဲ / Crd)
August 3, 2026
ကချင်ပြည်၊ ပူတာအိုဒေသတွင် ကုန်စည်ဝင်ရောက်မှု အခက်အခဲများကြောင့် အခြေခံ စားသောက်ကုန်...
ဓါတ်ပုံ - ပုံဟောင်း
August 3, 2026
ကချင်ပြည်၊ မြစ်ကြီးနား - ဆွမ်ပရာဘွမ် လမ်းပိုင်းရှိ လမုန်ဇွပ်စစ်တပ်ဂိတ်တွင် အမျိုးသား ၅ ဦးကို...
July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...
ဓါတ်ပုံ - HPDF
July 31, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း KIA ပူးပေါင်းတပ်နှင့် ရှမ်းနီအမျိုးသားများ...