သျှမ်းပြည်တွင် တရုတ်ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးပေးနေ

သျှမ်းပြည်တွင် တရုတ်ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးပေးနေ

စစ်ကောင်စီက တရုတ်ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အသက် (၆၅) နှစ်အထက်၊ ပရဟိတများ၊ ဝန်ထမ်းများ၊ ဈေးသည်များကို စတင်ထိုးပေးသွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

သျှမ်းပြည်အတွင်းရှိ တချို့မြို့နယ်များတွင် ဇူလိုင် (၃၀) ရက်နေ့ကစတင်ပြီး ကာကွယ်ဆေး စတင်ထိုးပေးနေကြောင်း သိရသည်။

“ကျနော်ထိုးပြီးပြီ ဘာလက္ခဏာမှတော့မပြဘူး။ ဘာကြောင့်ထိုးလဲဆိုတော့ ကျနော်တို့က ပရဟိတတွေလုပ်တော့ ကိုယ်က ရောဂါသယ်ဆောင်တဲ့သူ မဖြစ်ချင်ဘူး။ တစ်ချို့လည်း ယုံတဲ့သူရှိသလို မယုံတဲ့သူလည်းရှိတယ်” ဟု မိုင်းကိုင်မြို့ရှိ နာရေးကူညီမှုအသင်းမှ စေတနာ့ဝန်ထမ်းတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယနေ့ သြဂုတ် (၂) ရက်နေ့သည် မြို့နယ်တစ်ချို့မှာ ကာကွယ်ဆေး လာရောက်ထိုးနှံသူများပြားကြောင်း စုံစမ်းသိရှိရသည်။

“ကျနော်တို့ ဒီနေ့ သွားထိုးမလို့လုပ်တာ လူတအားများလို့ မထိုးလိုက်ရဘူး။ ဘာကြောင့်ထိုးချင်လဲဆိုတော့ ကိုယ့်ဒေသက ဆရာဝန်တွေလည်း ထိုးကြတယ်။ ကိုယ်ကိုယ်တိုင်လည်း သူတို့ထိုးပေးတဲ့ဆေးကို လေ့လာထားတယ်။ အဲ့ကြောင့် ထိုးချင်တာပါ” ဟု ပင်လုံဒေသခံ လူမှုရေးလှုပ်ရှားသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းပြည်တွင်းရှိ မြို့နယ်တစ်ချို့သည် ဒေသခံဆရာဝန်များ၊ သူနာပြုများကို ယုံကြည်သည့်အတွက် ထိုးနှံခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။

လက်ရှိ သျှမ်းပြည်နယ်တွင် ကိုဗစ်-၁၉ တတိယလှိုင်းသည် ကူးစက်မှုမြင့်မားပြီး သေဆုံးသူများပြားလာသည့်အတွက် ကာကွယ်ဆေးကို ထိုးချင်ကြကြောင်းလည်း စုံစမ်းသိရှိရသည်။

တစ်ချို့ဒေသသည် လာရောက်ထိုးနှံသူ များပြားသည့်အတွက် ဆေးပြတ်သွားကြောင်းလည်း သိရှိရသည်။

 
 

 

 

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...