နိုင်ငံတော်အာဏာကိုသိမ်းယူပြီး ရွေးကောက်ပွဲမှတဆင့် အနိုင်ရသည့်ပါတီများမှ ရွေးကောင်တင်မြောက်ထားသည့် လွတ်တော်ကိုယ်စားလှယ်များ၊ ဝန်ကြီးများ၊ ဝန်ကြီးချုပ်များကို ဖမ်းဆီးထောင်ချမှုများ ပြုလုပ်ပြီးနောက် စစ်ကောင်စီသည် သျှမ်းပြည်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများကို ခန့်အပ်တာဝန်ပေးခြင်းများ ပြုလုပ်ခဲ့သည်။
ယမန်နေ့က သြဂုတ်လ ၁ ရက်တွင် စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းယူပြီးနောက် သျှမ်းပြည် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌဖြစ်လာသူ လားရှိုးတက္ကသိုလ် ပါမောက္ခဟောင်း ဒေါက်တာကျော်ထွန်းကို ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း စစ်ကောင်စီက အမိန့်ကြေညာထုတ်ပြန်ခဲ့ပါသည်။
ထို့အတူ သျှမ်းပြည်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ် စီးပွားရေးရာဝန်ကြီးအဖြစ် ဦးခွန်သိန်းမောင်၊ ပြည်နယ် သယံဇာတရေးရာဝန်ကြီးအဖြစ် ဦးစိုင်းလိတ် (SNLD မှ ဦးစိုင်းလိတ်မဟုတ်ပါ)၊ ပြည်နယ် လူမှုရေးရာဝန်ကြီးအဖြစ် ဦးအောင်မြင့်၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးအဖြစ် ရဲမှူးချုပ်တင်ကိုကိုနှင့် ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဦးအောင်ကြည်ဝင်းတို့ကို ခန့်အပ်ကြောင်းလည်း စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါသည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို အိမ်စောင့်အစိုးရအဖွဲ့ဟု ပြင်ဆင်ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြောညာပြီးနောက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီများအား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များအဖြစ် ပြင်ဆင်ဖွဲ့စည်းကြောင်း စစ်ကောင်စီက ကြေညာကာ တိုင်း/ပြည်နယ်ဝန်ကြီးများနှင့် ဝန်ကြီးချုပ်များကို ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။
ထို့အပြင် သျှမ်းပြည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်နယ်အုပ်ချုပ်ရေးဦးစီးမှူးသည် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ယူမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။
အဆိုပါ ဝန်ကြီးနှင့် ဝန်ကြီးချုပ်များ ခန့်အပ်တာဝန်ပေးခြင်း ကြေညာထုတ်ပြန်ချက်များသည် စစ်ကောင်စီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ နှင့် ကြောညာချက်ထုတ်ပြန်ခြင်း အမိန့်အမှတ် (၁၅၈/၂၀၂၁) မှာ ဖော်ပြပါရှိပါသည်။







