ရခိုင်တွင် ဖြစ်ပွားသောအမှုအခင်းများကို တိုင်ကြားနိုင်ကြောင်း ULA ကြေညာ

ရခိုင်တွင် ဖြစ်ပွားသောအမှုအခင်းများကို တိုင်ကြားနိုင်ကြောင်း ULA ကြေညာ

ရခိုင်တွင် နေထိုင်ကြသော ပြည်သူလူထုအနေဖြင့် ဖြစ်ပွားသောအမှုအခင်းများကို တိုင်ကြားကြားနိုင်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ယမန့်နေ့ သြဂုတ် ၁ ရက်နေ့က ထုတ်ပြန်ကြေညာသည်။

တိုင်ကြားနိုင်သည့် အမှုများအထဲတွင် မတရားခံရမှု၊ အကြမ်းဖက်မှု၊ မြေယာပြဿနာ အမှုအခင်းများအပါအဝင် တရားဥပဒေအဆုံးအဖြတ်ကို ခံယူရမည့် အမှုအခင်းများအားလုံးကို ULA ၏ တရားရေးဌာနသို့ တိုင်ကြားနိုင်ကြောင်း ၎င်းကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ တိုင်ကြားမှုများကို အီးမေးလ်၊ တယ်လီဂရမ်၊ VK လိပ်စာများမှတဆင့် တိုင်ကြားသူ၏ ဆက်သွယ်ရန် နေရပ်လိပ်စာများ၊ အခင်ဖြစ်ပွားသည့် ဖြစ်စဥ်အသေးစိပ်များဖြင့် ကျူးလွန်ခံရသူ၏ ဆွေမျိုး သို့မဟုတ် မျက်မြင်သက်သေတစ်ဦးဦးက တိုင်ကြားနိုင်ကြောင်း ဖော်ပြထားသည်။

တိုင်ကြားရမည့် လိပ်စာများကိုလည်း အဆိုပါကြေညာစာတွင် ဖော်ပြထားသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော် နယ်မြေစိုးမိုးသော ဒေသများ တရားစီရင်ဌာနများ ဖွင့်လှစ်၍ ရာဇဝတ်မှုခင်းများကို အရေးယူစီရင်နေမှုများရှိကြောင်း မြေပြင်သတင်းများအရ သိရသည်။

အဆိုပါကြေညာချက်နှင့်ပတ်သက်ပြီး လက်ရှိ အိမ်စောင့်အစိုးရ၏ တုံ့ပြန်သဘောထားကို မေးမြန်းဆက်သွယ်၍ မရရှိသေးသဖြင့် လက်တလောတွင် တင်ပြနိုင်ခြင်း မရှိသေးပါ။

 
 

 

 

Most read this week

August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...
August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...
August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...