နမ္မတီး ဆီးဒင်ယန် စစ်တပ်စခန်းကို KIA တိုက်ခိုက်

နမ္မတီး ဆီးဒင်ယန် စစ်တပ်စခန်းကို KIA တိုက်ခိုက်

မိုးကောင်းမြို့နယ် နမ္မတီးမြို့နဲ့ မရန်ကထောင်ကျေးရွာကြားရှိ ဆီးဒင်ယန်ကျေးရွာတွင် ယနေ့နံနက် ၄ နာရီခန့် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် မိုးကောင်းမြို့အနီးတွင် တပ်စွဲထားသော အမြောက်တပ်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဆီဒင့်ယန်ပြည်သူတစ်ဦး သေဆုံးသွားကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“သေနတ်သံတွေနဲ့ လက်နက်ကြီးသံတွေက ၄ နာရီလောက်က စကြားရတယ်။ မိုးကောင်းအမြှောက်တပ်ဘက်ကနေ လက်နက်ကြီးတွေနဲ့ မရေတွက်နိုင်အောင် ပစ်နေတယ်။ အခုချိန်ထိတောင် ကြားနေရတုန်းဘဲ။ လမ်းမကြီးဘေးမှာရှိတဲ့ နေအိမ်မှာ လက်နက်ကြီးတစ်လုံး ကျပေါက်ကွဲသွားတယ်။ အဲ့အိမ်ရဲ့အမျိုးသားကို မှန်သွားတယ်လို့ကြားတယ်” ဟု ပြောဆိုသည်။

လူနေအိမ်အတွင်း လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးသွားသူမှာ အသက် ၅၀ နှစ်အရွယ် ကိုမိုးကျော်ခေါ်သူဖြစ်ပြီး သူ၏ဦးခေါင်းပေါ်တွင် ကျည်စထိမှန်ကာ သေဆုံးသွားကြောင်း သိရသည်။

ယနေ့နံနက် ဆီဒင့်ယန်ကျေးရွာတွင် တပ်စွဲနေရာယူထားသည့် စစ်တပ်ဂိတ်ကို KIA တိုက်ခိုက်ဖျက်ဆီးလိုက်ကြောင်း ဒေသခံများ ပြောဆိုနေသော်လည်း အသေးစိတ်အခြေအနေ မသိနိုင်သေးပါ။

ဆီဒင့်ယန်အနီး မရန်မထောင် စုပေါင်းစစ်ဆေးရေးဂိတ်ကို ယမန်နေ့နံနက်ပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော် KIA တိုက်ခိုက်ခဲ့သည်။

 
 

 

 

Most read this week

ပူတာအိုမြို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ကိုရဲ / Crd)
August 3, 2026
ကချင်ပြည်၊ ပူတာအိုဒေသတွင် ကုန်စည်ဝင်ရောက်မှု အခက်အခဲများကြောင့် အခြေခံ စားသောက်ကုန်...
ဓါတ်ပုံ - ပုံဟောင်း
August 3, 2026
ကချင်ပြည်၊ မြစ်ကြီးနား - ဆွမ်ပရာဘွမ် လမ်းပိုင်းရှိ လမုန်ဇွပ်စစ်တပ်ဂိတ်တွင် အမျိုးသား ၅ ဦးကို...
July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...
ဓါတ်ပုံ - HPDF
July 31, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း KIA ပူးပေါင်းတပ်နှင့် ရှမ်းနီအမျိုးသားများ...