စစ်ကောင်စီလက်အောက် ကျန်းမာရေးဌာနမှဦးဆောင်သည့် ကိုဗစ်ကာကွယ်ဆေးထိုးမည့် အစီအစဥ် ဟားခါးမြို့တွင် စတင်ထိုးနှံနေပြီဖြစ်ကြောင်းနှင့် ချင်းပြည်နယ်အတွင်း ၉ မြို့နယ်လုံးတွင်လည်း ၄င်းဆေးကို ဖြန့်ချီမည်ဖြစ်ကြောင်း ဟားခါးမြို့၊ ဟားခါးပြည်သူ့ဆေးရုံအုပ်ထံမှ သိရသည်။
"ကျွန်တော်တို့ ဒီနေ့ ၂၉ ရက်နေ့ကနေ စထိုးပြီ၊ ၂၉ နှင့် ၃၀ နှစ်ရက် ထိုးဖို့ရှိတယ်။ အခု ကျွန်တော်တို့ ဦးစားပေးအနေနဲ့ထိုးတာကတော့ ဝန်ထမ်းတွေပေါ့နော်၊ အဓိကတော့ ပညာရေးဝန်ထမ်းတွေပေါ့နော်၊ ကာကွယ်ဆေးအခြေနေကတော့ ကျွန်တော်တို့ ဒီနိုင်ငံ့ဝန်ထမ်းတွေပေါ့နော် ပညာရေးဝန်ထမ်းတွေကို ဦးစားပေးထိုးတာ လူ ၂၀၀၀ စာပေါ့။ ပြည်သူတွေလည်းထိုးဖို့ စီစဥ်ထားပြီးသားဗျ၊ ဆေးတွေ လွယ်ကူစွာနဲ့ ရောက်နိုင်တဲ့နေရာတွေမှာဆိုရင်တော့ သူတို့ စထိုးနေပြီလေ ကျွန်တော်တို့ကျလည်း ပထမအသုတ် ၁၆၀၀ ဒုတိယအသုတ် ၁၆၀၀ နဲ့ ကျွန်တော်တို့ ၁၆၀၀ ရဖို့ရှိတယ်ဗျ။ အဲ့ဒါကကျတော့ ကျွန်တော်တို့ လူအုပ်စု ၁၃ စုခွဲပြီး ထိုးပေးမှာလေ။ ထိုးပေးမှာက အဲ့ ၁၆၀၀ အတွက် ကျွန်တော်တို့က ဒီ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီက ဝန်ထမ်းတွေ အဓိကပေါ့နော် လူအုပ်စုတွေကို သူတို့က စာရင်းကောက်ပေးရမှာဖြစ်တယ်။ အဲ့ဒီစာရင်းကောက်တဲ့ လုပ်ငန်းကိုလည်း သူတို့ လုပ်နေပါတယ်။ အဲ့ဒီ စာရင်းကောက်တဲ့ဟာတွေပြီးလို့ ကျွန်နော်ဆီကို လူဦးရေစာရင်းနဲ့ အုပ်စုတွေ ကျွန်တော်တို့ရပြီဆိုရင် အဲ့စာရင်းပေါ်မူတည်ပြီးတော့ ဆေးထိုးအဖွဲ့တွေ တစ်မြို့နယ်ကို ဘယ်နှစ်ဖွဲ့လိုမယ်၊ တစ်ဖွဲ့ကို ဘယ်နှစ်ယောက်လုပ်မယ်၊ ကျွန်နော်တို့ ဘယ်နေ့ကို စထိုးမယ်ဆိုတာက ကျွန်တော်တို့က ၉ မြို့နယ်လုံးမှာထိုးဖို့ ကျွန်တော်တို့က အဲ့လူဦးရေစာရင်းကိုရတာနဲ့ တစ်ခါတည်း စီမံချက်ကို ဆွဲနိုင်ဖို့ပဲ၊ ကျွန်တော်ကတော့ ready လုပ်ပြီးသားရှိပါတယ်ဗျ။ အဓိကတော့ ကျွန်တော်တို့ အသက် ၆၅ နှစ်အထက်ရယ် ပြီးရင် ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပုက္ကလိက ကျန်းမာရေးဝန်ထမ်းတွေပေါ့နော် ဒါလေးတွေ ဦးစားပေးမယ်။ ပြီးရင် ဘာသာရေးခေါင်းဆောင်တွေ နောက်တစ်ခါကျတော့ အပြင်ထွက်ပြီးတော့ အလုပ်လုပ်နေတဲ့သူတွေ ဘဏ်ဝန်ထမ်းတွေပေါ့နော် ကုန်စည်ပို့ဆောင်ရေးလုပ်နေတဲ့ ဝန်ထမ်းတွေပေါ့နော် သူတို့တွေကိုပေါ့" ဟု ပြောသည်။
စစ်ကောင်စီမှဦးဆောင်သည့် ကိုဗစ်ကာကွယ်ဆေးထိုးမည့် ကိစ္စနှင့်ပတ်သက်ပြီး ချင်းပြည်နယ်အတွင်း ၉ မြို့နယ်စလုံးတွင် လူဦးရေစာရင်းရသည်နှင့်တစ်ပြိုင်နက် ဖြန့်ချီဖို့ အစီအစဥ်ရှိကြောင်းလည်း သိရသည်။







