ဖျားနာမှုများလာသည့် ဗန်းမော်စစ်ရှောင်စခန်းကို Lock Down ချ

ဖျားနာမှုများလာသည့် ဗန်းမော်စစ်ရှောင်စခန်းကို Lock Down ချ

ကချင်ပြည်နယ် ဗန်းမော်မြို့ ရောဘတ်စစ်ရှောင်စခန်းတွင် စစ်ရှောင်များ ဖျားနာမှုများလာသည့်အတွက် တစ်ပတ်တိတိ Lock Down ချမှတ်ထားကြောင်း စခန်းတာဝန်ခံများမှ သိရသည်။

"ကိုဗစ်တော့မဟုတ်ဘူး ခု မိုးရာသီဆိုတော့ နေမကောင်းတဲ့သူ တော်တော်များလာတယ်။ တစ်ချို့အိမ်ဆို မိသားစုလိုက် ဖျားနေကြတယ်။ ပြီးတော့ ခုချိန် ကိုဗစ်ဖြစ်တော့ ကိုယ့် Camp ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဒီအပတ် တစ်ပတ် Lock Down ချမှတ်ထားတာဖြစ်တယ်" ဟု စခန်းတာဝန်ခံက ပြောသည်။

ထို့ပြင် Lock Down ချမှတ်ထားသည့် တစ်ပတ်အတွင်း ‌‌နေမကောင်းဖြစ်သူများ သက်သာမူမရှိ ထပ်မံတိုးလာပါက အသွားအလာ ထပ်မံကန့်သတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရောဘတ်စစ်ရှောင်စခန်းသည် အိမ်ထောင်စုအားဖြင့် ၆၀၂ စုရှိကာ လူဦးရေ ၃၈၁၆ ရှိပြီး ဗန်းမော်ခရိုင်တွင် လူဦးရေအများဆုံးနေထိုင်သည့် စစ်ရှောင်စခန်းတစ်ခုဖြစ်သည်။

ယခင်က စစ်ရှောင်စခန်းတွင် ဆေးပေးခန်းများ ထားရှိပေးသော်လည်း စစ်အာဏာသိမ်းပြီးနောက် ဆေးပေးခန်းများမှ ဆရာမများ CDM ပြုလုပ်သည့်အတွက် ဆေးခန်းဖွင့်နိုင်ခြင်းမရှိတော့ကြောင်း သိရသည်။

"အာဏာမသိမ်းခင်တော့ ဆေးပေးခန်းရှိတယ် ခုတော့မရှိတော့ဘူးလို့ပြောရမှာပေါ့။ခုလောလောဆယ်တော့ ကျနော်တို့စစ်ရှောင်တွေကို ဗန်းမော် KBC အသင်းတော်က ဖွင့်ထားတဲ့ဆေးခန်းမှာ သွားပြကြတယ်" ဟု စခန်းတာဝန်ခံတစ်ဦးက ပြောသည်။

ယခုကဲ့သို့ Lock Down ချမှတ်သည့်အတွက် အစားသောက်များ ခက်ခဲနိုင်သော်လည်း ကျန်းမာရေးအတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ရောဘတ်စစ်ရှောင်စခန်းတွင် ဇူလိုင်လပထမပတ် ပိုးတွေ့လူနာ တစ်ဦးရှိခဲ့သော်လည်း နောက်ပိုင်း ထပ်တိုးလူနာမရှိခဲ့ပေ။

လက်ရှိ ဗန်းမော်မြို့သည် Stay at Home မြို့ သတ်မှတ်ခံထားရသည့်အတွက် စစ်ရှောင်များအတွက် ယခင်ကထက် အစားအသောက်များ ပိုမိုခက်ခဲနေကြောင်း သိရသည်။

Most read this week

August 4, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ ရှဒေါင်ကျေးရွာတွင် အလယ်တန်းကျောင်းသားအရွယ် ကလေးများအကြား...
ပူတာအိုမြို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ကိုရဲ / Crd)
August 3, 2026
ကချင်ပြည်၊ ပူတာအိုဒေသတွင် ကုန်စည်ဝင်ရောက်မှု အခက်အခဲများကြောင့် အခြေခံ စားသောက်ကုန်...
ဓါတ်ပုံ - ပုံဟောင်း
August 3, 2026
ကချင်ပြည်၊ မြစ်ကြီးနား - ဆွမ်ပရာဘွမ် လမ်းပိုင်းရှိ လမုန်ဇွပ်စစ်တပ်ဂိတ်တွင် အမျိုးသား ၅ ဦးကို...
July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...