ကျောက်မဲ ဟူးစွန်ရွာတွင် လသားအရွယ်အပါဝင် စစ်ရှောင် (၈၀) ကျော်ရောက် အခက်ခဲရှိနေ

ကျောက်မဲ ဟူးစွန်ရွာတွင် လသားအရွယ်အပါဝင် စစ်ရှောင် (၈၀) ကျော်ရောက် အခက်ခဲရှိနေ

သျှမ်းမြောက် ကျောက်မဲမြို့နယ် ဟူးဆွန်ကျေးရွာတွင် လသားအရွယ် ကလေးငယ်အပါအဝင် စစ်ဘေးရှောင်ပြည်သူ (၈၀) ကျော် ရောက်ရှိနေပြီး အစားအသောက်နှင့် နေထိုင်ရန် အခက်ခဲဖြစ်နေကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့ ညနေပိုင်းကတည်းက ကိန်ကိုင်ရွာမှာနေတဲ့ စစ်ရှောင်တွေ စပြီးရောက်လာတာ၊ ဒီနေ့ထိဆိုရင် (၈၁) ယောက်ရှိတယ်၊ လသားအရွယ် ကလေးငယ်လည်းပါတယ်။ သက်ကြီးရွယ်အိုတွေလည်းပါတယ်” ဟု ဟူးဆွန်ကျေးရွာ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ကျေးရွာအနီးတွင် တိုင်းရင်းသားလက်နက်ကိုင်များ စစ်ရေးတင်မာနေမှုရှိပြီး တိုက်ပွဲဖြစ်လာလျင် ထိခိုက်မှုများရှိနိုင်သည့်အတွက် စိုးရိမ်ကာ ထွက်ပြေးလာခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

“အားလုံးက ကိန်ကိုင်ဒေသခံတွေပဲ၊ အဲဒီရွာအနီးနားမှာရှိတဲ့ ဟိန်းဝိုး၊ ပန်တောင်းကျေးရွာဘက်မှာ RCSS နဲ့ SSPP/SSA ၊ TNLA တို့ မကြာခဏ ပစ်ခတ်မှုဖြစ်နေတယ်၊ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာမှာကြောက်လို့၊ ရွာနဲ့လည်း အရမ်းနီးနေတော့ ကလေးနဲ့လူကြီးတွေကို ထိခိုက်မှာစိုးရိမ်လို့ ထွက်ပြေးလာကြတာ” ဟု ဆိုသည်။

ယရက်ပိုင်း ပစ်ခတ်မှုများ ငြိမ်နေသည့်အတွက် ရွာမှ ရှောင်ထွက်လာခဲ့တာဖြစ်ကြောင်း၊ စစ်ဘေးရှောင်များထဲတွင် အမျိုးသား (၂၂) ဦးနှင့် အမျိုးသမီး (၅၉) ဦးရှိနေပြီး ကျောက်မဲမြို့ပေါ်ရှိ ဆွေမျိုးများထံ သွားရောက်ခိုလှုံနေသူများလည်း (၃၀) ခန့်ရှိကြောင်း သိရသည်။

“ကျောက်မဲမြို့ပေါ်မှာက ကိုဗစ်လူနာတွေ အရမ်းများနေတော့ ရောဂါကိုလည်းကြောက်တယ်၊ တချို့က မြို့ထဲမှာရှိတဲ့ ဆွေမျိုးတွေဆီ ဆင်းသွားတာရှိတယ်၊ အများစုကတော့ ဒီရွာမှာပဲ လာနေနေရတာ၊ အစားအသောက်နဲ့ နေထိုင်ဖို့ ခက်ခဲနေတယ်၊ တစ်ချို့ဆို ဘာမှကို မယူလာရဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များအပါအဝင် မိုင်းငေါ့မြို့တွင် စစ်ဘေးရှောင် (၆၀၀) ခန့်ရှိနေကြောင်း သိရသည်။

ယခုချိန်တွင် လက်ဖက်ခူးဆွတ်ရသည့် ရာသီဖြစ်သော်လည်း တိုင်းရင်းသားလက်နက်ကိုင်များ မကြာခဏ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ကျေးရွာဒေသခံများ အလုပ်လက်မဲ့ဖြစ်ကာ စစ်ဘေးရှောင်နေရကြောင်း သိရသည်။

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...