လောက်ကိုင်မြို့ တစ်လကျော်အတွင်း ကိုဗစ်–၁၉ လူနာ ၃၀၀၀ ကျော်ရှိ

လောက်ကိုင်မြို့ တစ်လကျော်အတွင်း ကိုဗစ်–၁၉ လူနာ ၃၀၀၀ ကျော်ရှိ

သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့တွင် တစ်လကျော်ကာလအတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါ တတိယလှိုင်း ကူးစက်ခံရသူ အတည်ပြုလူနာ ၃၀၀၀ ကျော်ရှိလာပြီး ကိုဗစ်-၁၉ ကြောင့် သေဆုံးရသူ ၈ ဦးရှိလာပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်မှ ဇူလိုင်လ ၂၇ ရက်နေ့အထိ တစ်လကျော်ကာလအတွင်း ပိုးတွေ့လူနာ ၃၀၀၀ ကျော်အနက် ရောဂါသက်သာလာသူ ၁,၇၂၁ ဦးရှိနေကြောင်းလည်း သိရသည်။

“ဟုတ်ပါတယ်၊ အခု ကိုဗစ်ပိုးတွေ့လူနာက ၃၀၀၀ ကျော်ရှိလာပြီဖြစ်ပါတယ်၊ ကိုဗစ်ထိန်းချုပ်ရေးကော်မတီက ထုတ်ပြန်ချက်အရဆိုရင် ချင်းရွှေဟော်က ၁၅၄ ဦးနဲ့ လောက်ကိုင် ၂၉၀၃ ဦးကို ပေါင်းလိုက်တော့ ၃၀၀၀ ကျော်သွားလေ” ဟု ဒေသခံပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့မှာ ကိုဗစ်-၁၉ တတိယလိုင်း အတည်ပြုပိုးတွေ့လူနာ စတင်တွေ့ရှိသည့် လောက်ကိုင်မြို့ကို ဇွန်လ ၂၇ ရက်က Stay at Home မြို့အဖြစ် စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

လောက်ကိုင်မြို့တွင်းတွင် လူဦးရေ (၁,၂၀၀) ဆံ့ Quarantine Centre ကြီးတစ်ခုကို ဆောက်လုပ်ထားသည့်အပြင် နေ့စဉ် လူနှစ်ထောင်ကျော်ကို စစ်ဆေးနိုင်သည့် PCR စက် ၄ လုံးလည်း တပ်ဆင်ထားပြီး လူနာများကို လက်ခံကုသပေးနေကြောင်းလည်း သိရသည်။

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...