လူဦးရေ ၃ ထောင်ကျော်ရှိ မြောက်ဦး တိမ်ညိုစစ်ဘေးရှောင်စခန်း ရေစတင်နစ်မြုပ်

လူဦးရေ ၃ ထောင်ကျော်ရှိ မြောက်ဦး တိမ်ညိုစစ်ဘေးရှောင်စခန်း ရေစတင်နစ်မြုပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ လူဦးရေ ၃ ထောင်ကျော်ရှိသော တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် ရေစတင်နစ်မြုပ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

မိုးရွာသွန်းမှုကြောင့် မိုးရေနှင့် တိမ်ညိုကျေးရွာအနီး ရမ်းချောင်းမှ ချောင်းရေတို့သည် ယနေ့ ဇူလိုင်လ ၂၉ ရက်နေ့၊ နံနက်ပိုင်းမှစတင်ကာ စခန်းတွင်းသို့ဝင်ရောက်လာနေပြီး စစ်ဘေးရှောင်များသည်လည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အရေးတကြီးလိုအပ်နေကြောင်း စခန်းတာဝန်ခံ ဦးစိုးနိုင်က ပြောသည်။

“မနေ့က ညနေပိုင်းကတော့ နည်းနည်းဝင်ပါတယ်။ ဒါပေမဲ့ အခုက အများကြီးဝင်လာနေပြီ။ ဒီထက်မိုးရွာရင် ပိုပြီးစိုးရိမ်ရတဲ့ အခြေနေမှာရှိပါတယ်။ အကုန်လုံးနစ်သွားမဲ့အခြေနေမှာရှိပါတယ်။ စစ်ဘေးရှောင်တွေနေတဲ့ အခန်းတွေ ရေနစ်နေပြီ။ စစ်ဘေးရှောင်တွေကို ရွှေ့ပြောင်းပေးဖို့ လိုနေပါတယ်။ ဘယ်နေရာကို ရွှေ့ပေးရမလဲဆိုတာကို မသိရသေးပါဘူး။ မြေမြင့်ပိုင်းက နေအိမ်ဆောင်တချို့တော့ ရေမဝင်ဘဲ ကျန်နေပါသေးတယ်” ဟု ပြောသည်။

လက်ရှိတွင် ရေနစ်နေပြီးဖြစ်သော စစ်ဘေးရှောင်နေအိမ်ဆောင်များမှ စစ်ဘေးရှောင်များမှာ စခန်းတွင်း ရေမနစ်ဘဲ ကျန်ရှိနေသေးသည့် နေအိမ်ဆောင် ၅၀ ခန့်တို့တွင် ဝင်ရောက်ခိုလှုံလျက်ရှိကြကြောင်း သိရသည်။

တိမ်ညိုစစ်ဘေးရှောင်စခန်းမှ ဒေါ်သန်းယိုင်စိန်က “ရေက ခါးလောက်၊ ရင်လောက်ရှိတယ်။ အခန်းတွေအကုန်လုံးရေနစ်တော့မယ်။ ကျွန်မတို့ တော်တော်ဒုက္ခရောက်နေပါပြီ။ ရေက ဖြည်းဖြည်းချင်း ပြည့်လာနေပါတယ်။ ပြောင်းချင်ပေမဲ့ ရောဂါကြောင့် ဘယ်ကိုမှလည်း မထွက်ရတော့ ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး” ဟု ပြောသည်။

တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၈၇၅ စုနှင့် လူဦးရေ ၃၃၅၅ ရှိကြောင်း သိရသည်။

ယင်းစခန်းမှာ တိမ်ညိုကျေးရွားအနီးရှိသည့် ရမ်းချောင်းဘေး၌ တည်ဆောက်ထားခြင်းဖြစ်သည့်အတွက် မိုးရာသီရောက်လျှင် ယခုကဲ့သို့ ရေပြည့်ရေလျှံခြင်း နှစ်စဉ်ဖြစ်ပေါ်ကြောင်း စစ်ဘေးရှောင်များက ပြောသည်။

မြောက်ဦးမြို့နယ်အတွင်း ရမ်းချောင်းကမ်းနံဘေးတွင်တည်ဆောက်ထားသော လူဦးရေ ၂ ထောင်ကျော်ရှိသည့် ပီပင်ရင်းစစ်ဘေးရှောင်စခန်းတွင်လည်း ယမန်နေ့ညနေပိုင်းမှစတင်ကာ ချောင်းရေများ ဒလဟောဝင်ရောက်လာခြင်းကြောင့် စစ်ဘေးရှောင်များကို နေရာရွှေ့ပြောင်းထားရကြောင်း စခန်းတာဝန်ခံ ဦးသိန်းကျော်မြင့်က နိရဥ္စရာကို ပြောဆိုထားသည်။

Most read this week

August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...
August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...
August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...