စစ်ကောင်စီနှင့် ဆက်သွယ်မှုရှိသည်ဟုဆိုကာ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် သင်းအုပ်ဆရာတစ်ဦးကို CDF-Hakha က ထိန်းသိမ်းထား

စစ်ကောင်စီနှင့် ဆက်သွယ်မှုရှိသည်ဟုဆိုကာ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် သင်းအုပ်ဆရာတစ်ဦးကို CDF-Hakha က ထိန်းသိမ်းထား

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဆူရ်ခွားမြို့က ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် သင်းအုပ်ဆရာတစ်ဦးတို့ကို အာဏာသိမ်းစစ်ကောင်စီနှင့် ဆက်သွယ်မှုရှိသည်ဟုဆိုကာ CDF-Hakha တပ်ဖွဲ့က ထိန်းသိမ်းထားသည်ဟု သိရသည်။

“စစ်တပ်နဲ့ အဲဒီ Father (ကက်သလစ်ဘုန်းတော်ကြီး) က အဆက်အသွယ်ရှိတယ်၊ ခုထိပဲ၊ Father ကို စစ်တပ်ကခေါ်လို့ သွားနေတာကို သတင်းရတယ်၊ အဲဒါကြောင့် ကျနော်တို့က ရန်သူနဲ့ပတ်သက်ဆက်နွယ်မှုနဲ့ သူတို့ကို ဖမ်းဆီးပြီးတော့ မေးမြန်းတဲ့အခါမှာ သူ့ဘက်ကလည်း ဝန်ခံတယ်၊ လုံခြုံရေးအရ လောလောဆယ် ထိန်းသိမ်းထားတာဖြစ်ပါတယ်" ဟု CDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် သင်းအုပ်ဆရာတစ်ဦးတို့သည် ဇူလိုင် ၂၆ ရက်နေ့က ဆူရ်ခွါမြို့မှ ဟားခါးမြို့သို့ စစ်တပ်နှင့်တွေ့ဆုံရန် သွားရောက်စဉ် လမ်းခုလတ်တွင် CDF-Hakha တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဆူရ်ခွါမြို့တွင် ပြီးခဲ့သည့် မေလ ၈ ရက်နေ့က ရဲစခန်းကို CDF-Hakha တပ်ဖွဲ့မှဝင်သိမ်းပြီး မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့များရောက်ရှိလာကာ မေလ ၃၁ နှင့် ဇွန်လ ၁ ရက်နေ့တို့တွင် တိုက်ပွဲများဖြစ်ပွားပြီး ဆူရ်ခွါမြို့အပါအဝင် ဟားခါး-မတူပီအကြား ကားလမ်းနဘေးရှိ ကျေးရွာ ၁၀ ရွာကျော်ခန့်က ဒေသခံပြည်သူများ တောထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ထို့ကဲ့သို့ ဒေသခံပြည်သူများ တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေစဉ် အဆိုပါ ကက်သလစ်ဘုန်းတော်ကြီးတို့သည့် မြို့မှာကျန်ရစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့များနှင့် အဆက်အသွယ်ရှိသူဖြစ်သည်ဟု CDF အဖွဲ့ထံမှ သိရသည်။

ယခုအဖမ်းခံရသည့် ကက်သလစ်ဘုန်းတော်ကြီးနှင့် သင်းအုပ်ဆရာတို့သည့် စစ်ကောင်စီနှင့် အမှန်တကယ် အဆက်အသွယ်ရှိ/မရှိ၊ မည်ကဲ့သို့ ဆက်သွယ်မှုရှိသည်ကိုမူ ခိုနူမ်းသုန်သတင်းဌာနအနေဖြင့် သီးသန့်အတည်ပြုချက်တော့ မရှိသေးပေ။

May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...