လိုင်ဇာရှိ ပြည်သူများကို ကိုဗစ်-၁၉ ပိုး ရှိ/မရှိ စစ်ဆေးသွားမည်

လိုင်ဇာရှိ ပြည်သူများကို ကိုဗစ်-၁၉ ပိုး ရှိ/မရှိ စစ်ဆေးသွားမည်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ရာနယ်မြေဖြစ်သည့် လိုင်ဇာမြို့ရှိ ပြည်သူများကို ကိုဗစ်-၁၉ ပိုး ရှိ/မရှိ စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း လိုင်ဇာမြို့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးနဲ့‌ အရေးပေါကော်မတီမှ သိရသည်။

"ကျနော်တို့ လိုင်ဇာတစ်မြို့လုံးမှာရှိတဲ့ ပြည်သူတွေကို ပိုးရှိ/မရှိ စစ်ဆေးပေးသွားမယ်။ အတတ်နိုင်ဆုံး မြန်နိုင်သလောက် အမြန်ဆုံးလုပ်ဆောင်သွားမှာပါ" ဟု KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးနဲ့‌ အရေးပေါ်ကော်မတီမှ ဗိုလ်မှူးကြီးဟိန်းဝမ်က ပြောသည်။

KIO ထိန်းချုပ်ရာနယ်မြေအတွင်းရှိ ဂျေယန်စစ်ရှောင်စခန်းမှ အမျိုးသမီးတစ်ဦးတွင် ဇူလိုင်လ ၂၆ ရက်နေ့ည ပိုးတွေ့ရှိခဲ့ပြီးနောက် ယခုလို လိုင်ဇာမြို့ရှိ ပြည်သူများကို ပိုးရှိ/မရှိ စစ်ဆေးရန် KIO က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ Covid-19 စစ်ဆေးမှုကို တရုတ်နိုင်ငံမှ လာရောက်ကူညီဖြစ်ပြီး အနည်းဆုံး စစ်ဆေးမူ ၄ ကြိမ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

"ကြာတာတော့ မကြာနိုင်ဘူး။ တရုတ်ဘက်ကလည်း ကူညီပေးသွားမယ်လို့ သိရတယ်။ အနည်းဆုံးတော့ ၄၊ ၅ ခါလောက်တော့ စစ်ဆေးပေးသွားမယ်။ ပြီးတော့ အခြေနေကြည့်ပြီး ဖြေလျော့မူတွေလည်း ‌ဖြည်းဖြည်းချင်းလုပ်ဆောင်သွားမယ်" ဟု လိုင်ဇာမြို့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးနဲ့‌ အရေးပေါ်ကော်မတီမှ ဗိုလ်မှူးကြီးဟိန်းဝမ်က ဆက်ပြောခဲ့သည်။

ယခုလို လူအများကို ကိုဗစ်-၁၉ ပိုးရှိ/မရှိ စစ်ဆေးသွားမည်ဖြစ်သောကြောင့် လိုင်ဇာမြို့ရှိ ရပ်ကွက်ကျေးရွာများကို Lock Down ချထားမည်ဖြစ်ကြောင်း ဇူလိုင် ၂၈ ရက်နေ့တွင် ကြေညာထားသည်။

ထို့ပြင် ကုန်စုံဆိုင်၊ ကုန်မာဆိုင်၊ စားသောက်ဆိုင်များအား နံနက် ၉ နာရီထိသာ ရောင်းချခွင့်ပြုထားကြောင်းလည်း သိရသည်။

"ကုန်စိမ်းဈေးမှအပ ကျန်တဲ့ဈေးဆိုင်တွေကိုတော့ မနက်ပိုင်း ၉ နာရီအထိတော့ ဖွင့်လို့ရတယ်လို့ပြောတယ်။ အဲကြောင့် ကျမတို့ဆိုင်လည်း ခုနကတည်းက ပိတ်လိုက်ပြီ" ဟု ဈေးသည်တစ်ဦးက ပြောသည်။

ကိုဗစ်-၁၉ တတိယလှိုင်းပြင်းထန်နေသည်နှင့်အမျှ ကချင်လွှတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ရာနယ်မြေဖြစ်သည့် မိုင်ဂျာယန်မြို့တွင်လည်း ပိုးကူးစက်မှုနှုန်း သိသိသာသာ များပြားလာခဲ့သည်။

ဌာနချုပ် လိုင်ဇာမြို့တွင်မူ ပိုးကူးစက်မှု ၁ ဦး ရှိနေပြီဖြစ်သည်။

Most read this week

August 4, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ ရှဒေါင်ကျေးရွာတွင် အလယ်တန်းကျောင်းသားအရွယ် ကလေးများအကြား...
ပူတာအိုမြို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ကိုရဲ / Crd)
August 3, 2026
ကချင်ပြည်၊ ပူတာအိုဒေသတွင် ကုန်စည်ဝင်ရောက်မှု အခက်အခဲများကြောင့် အခြေခံ စားသောက်ကုန်...
ဓါတ်ပုံ - ပုံဟောင်း
August 3, 2026
ကချင်ပြည်၊ မြစ်ကြီးနား - ဆွမ်ပရာဘွမ် လမ်းပိုင်းရှိ လမုန်ဇွပ်စစ်တပ်ဂိတ်တွင် အမျိုးသား ၅ ဦးကို...
July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...