CDM ကျန်းမာရေးဝန်ထမ်းများကို စစ်ကောင်စီ လိုက်လံရှာဖွေနေ

CDM ကျန်းမာရေးဝန်ထမ်းများကို စစ်ကောင်စီ လိုက်လံရှာဖွေနေ

သျှမ်းပြည် တောင်ကြီးမြို့တွင် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို နည်းမျိုးစုံပေးနေသည့် လုပ်ဆောင်ပေးနေသည့် CDM ကျန်းမာရေးဝန်ထမ်းများကို စစ်ကောင်စီ လိုက်လံရှာဖွေနေကြောင်း စုံစမ်းသိရသည်။

လက်ရှိ ကိုဗစ်-၁၉ တတိယလှိုင်းတွင် ပြည်သူအများအပြား ကူးစက်ခံနေရပြီး၊ သေဆုံးမှုနှုန်းမြင့်တက်လာသည့်အလျောက် CDM ကျန်းမာရေးဝန်ထမ်းများသည် မိမိသက်နိုင်သည့်ဘက်မှ ပြည်သူ့ကျန်းမာရေးကို စောင့်ရှောက်မှုပြုလုပ်နေသော်လည်း စစ်ကောင်စီအုပ်စုက CDM ကျန်းမာရေးဝန်ထမ်းများကို လိုက်လံဖမ်းဆီးမှုများ၊ တားဆီးပိတ်ပင်မှုများ ပြုလုပ်နေကြောင်း သိရသည်။

“သူတို့လက်အောက်မှာ မလုပ်ချင်တာကို အပစ်တဲ့၊ မလုပ်ချင်လို့ မလုပ်တာလေ၊ အခု CDM ကျန်းမာရေးဝန်ထမ်းတွေက ကိုယ်တတ်နိုင်တဲ့ဖက်ကနေ ပြည်သူတွေရဲ့ ကျန်းမာရေးကို စောင့်ရှောင်ပေးနေတာကိုလည်း ရာဇဝတ်သားတွေလို လိုက်ဖမ်းပြီးတော့ လိုက်တားဆီးပိတ်ပင်နေတာ” ဟု တောင်ကြီး CDM လုပ်နေသည့် သူနာပြုတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီလက်ထက်တွင် မြန်မာတဝှမ်းလုံးနည်းတူ သျှမ်းပြည်တွင်လည်း ကိုဗစ်-၁၉ ကူးစက်ခံရသူ နေ့စဉ်မြင့်တက်လာပြီး ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းလာကာ ကိုဗစ်-၁၉ လူနာများ မိမိနေအိမ်တွင်သာ ဆေးကုသခံယူနေရကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီဘက်မှလည်း အောက်စီဂျင်လိုအပ်သည့် ကိုဗစ်-၁၉ များ အောက်စီဂျင်မရရှိနိုင်အောင် နည်းမျိုးစုံ ပိတ်ပင်တားဆီးမှု ပြုလုပ်နေသည်။

သို့သော် CDM ပြုလုပ်သည့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ကူးစက်ခံရသည့် လူနာများကို ဖုန်းဖြင့်သော်လည်း အွန်လိုင်းဖြင့်သော်လည်း လိုအပ်ပါက နေအိမ်ထိ လိုက်လံကြည့်ရှုမှုပြုလုပ်ပေးနေကြောင်းလည်း သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ဒေသခံများက ပြောသည်။

“ကျမတို့ အခု CDM လုပ်နေပေမယ့် လူနာတွေကို ဒီတိုင်းမထားပါဘူး။ လိုအပ်ရင် လိုအပ်သလို ကျနော်တို့ ကြည့်ပေးနေပါတယ်။ ဒါပေမယ့် စစ်ကောင်စီကတော့ ကျမတို့ကို လိုက်နှောက်ယှက်နေတယ်။ ဆေးကုလို့မရအောင်လုပ်တယ်” ဟု CDM ပြုလုပ်နေသည့် ကျန်းမာရေးဝန်ထမ်း အမျိုးသမီးတစ်ဦးက ဆိုသည်။

စစ်အာဏာရှင်စနစ်ကို မလိုလားသည့်အတွက် စစ်တပ်လက်အောက်တွင် အလုပ်မလုပ်လိုကြောင်း၊ သို့သော် စစ်ကောင်စီအုပ်စု တားဆီးပိတ်ပင်မှုကြား ပြည်သူ့ကျန်းမာရေးကို နည်းမျိုးစုံ စောင့်ရှောက်သွားမည်ဟု သူမက ပြောသည်။

စစ်ကောင်စီအုပ်စုမှ CDM ပြုလုပ်သည့် ကျန်းမာရေးဝန်ထမ်းများကို ဆေးရုံသို့ ပြန်လည်အလုပ်လာလုပ်ရန် နည်းမျိုးစုံ ပြောဆိုခဲ့သော်လည်း CDM ဝန်ထမ်းများက စစ်ကောင်စီအနေဖြင့် စစ်တန်းလျားတွင်ပြန်ကြပြီး၊ စစ်တပ်တာဝန်ထမ်းဆောင်ပြီး၊ ပြည်သူ့အာဏာကို ပြည်သူ့ထံပြန်ပေးပါက ကိုယ်တာဝန်ကျသည့်ဆေးရုံသို့ ချက်ချင်းပြန်မည်ဟုလည်း ဆရာဝန်များက ပြောဆိုလိုက်သည်။

“ကျန်းမာရေးဝန်ထမ်းတွေ ကျန်းမာရေးဌာနကို ပြန်လာစေချင်ရင် စစ်ကောင်စီလည်း စစ်တပ်၊ စစ်တန်းလျား အရင်ပြန်စေချင်တယ်။ စစ်တပ်က ချက်ချင်းအာဏာလွှဲရင် ကျမတို့လည်း ချက်ချင်းအလုပ်ပြန်ဝင်မယ်” ဟု သျှမ်းမြောက်မှ သူနာပြုဆရာမတစ်ဦးက ဆိုသည်။

စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းယူပြီးနောက် တစ်နိုင်ငံလုံးရှိ ပြည့်သူ့ဝန်ထမ်းတချို့သည် သက်ဆိုင်ရာ ကိုယ့်ဌာနအလိုက် CDM လုပ်ဆောင်သည့်ဝန်ထမ်းဌာနများအနက် ကျန်းမာရေးဝန်ထမ်းဌာနသည် CDM လုပ်ဆောင်မှုတွင် ပါဝင်မှုအများဆုံးဖြစ်ပါသည်။

 
 

 

 

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...