ဂျေယန်စစ်ရှောင်စခန်းနှင့် ဝေကျိုင်စစ်ရှောင်စခန်းကို lockdown ချမှတ်

ဂျေယန်စစ်ရှောင်စခန်းနှင့် ဝေကျိုင်စစ်ရှောင်စခန်းကို lockdown ချမှတ်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ဂျေယန်စစ်ရှောင်စခန်းမှ အမျိုးသမီးတစ်ဦးတွင် Covid-19 ပိုးတွေ့ရှိခဲ့ပြီးနောက် ဂျေယန်စစ်ရှောင်စခန်းနဲ့ ဝှေကျိုင်စစ်ရှောင်စခန်းကို ဇူလိုင်လ ၂၇ ရက်နေ့မှစကာ Lockdown ချမှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

"ခုပိုးတွေ့တဲ့သူက ၁၇ ရက်နေ့ တောင်ယာသွားလက်မှတ်နဲ့ ခိုးပြီးထွက်သွားတာ တောင်ယာမရောက်ဘဲနဲ့ ရွာထဲ‌လျှာက်သွားခဲ့ပြီးမှ ပေါက်ဆယ်ရွာထဲကိုသွားတယ်။ ပြီးတော့ Camp ထဲ တောင်ယာသွားတဲ့ပုံစံနဲ့ ပြန်ခိုးဝင်လာတယ်။ နောက် ၂၅ ရက်နေ့ ဝေကျိုင်စစ်ရှောင်စခန်းထဲ ပြန်ရောက်လာတယ်။ ၂၆ ရက်နေ့က ဂျေယန် Camp ပြန်ခိုးဝင်လာတဲ့အတွက် အဲကလူတွေက ပြန်အကြောင်းကြားလာတဲ့အတွက် သွား‌ခေါ်ယူပြီး စစ်ကြည့်တော့ ကိုဗစ် Positive ဖြစ်နေတယ်" ဟု KIO ဗဟိုဌာနချုပ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ်ကော်မတီမှ ဗိုလ်မှူးကြီးဟိန်းဝမ် ပြောသည်။

လက်ရှိ ပိုးတွေ့လူနာသည် ဂျေယန်စစ်ရှောင်စခန်းမှဖြစ်သော်လည်း ဝှေကျိုင်စစ်ရှောင်စခန်းသို့ သွားရောက်လည်ပတ်ခဲ့သည့်အတွက် Camp နှစ်ခုစလုံး Lockdown ချမှတ်ထားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့လူနာသည် လိုင်ဇာမြို့တွင်း ပထမဆုံးပိုးတွေ့ရှိသူဖြစ်သည့်အတွက် ပိုးတွေ့လူနာနဲ့ ဆက်စပ်သူများကိုလည်း ဆက်လက်စုံစမ်းကာ ကျန်းမာရေးညွှန်ကြားချက်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"သူက မြို့ထဲမှာလည်း ဈေးသွားဝယ်တာတွေလည်းရှိတယ်လို့ သိရတယ်။ အဲကြောင့် ကျနော်တို့က သူနဲ့ဆက်စပ်သူတွေအားလုံးလည်း စုံစမ်းနေတယ်။ ဆက်စပ်သူတွေကိုလည်း ကွာရန်တင်းဝင်ခိုင်းပြီး ကျန်းမာရေးစစ်ဆေးမူလုပ်သွားမယ်။ အားလုံးကို ဆေးစစ်ဖို့တော့ မဖြစ်နိုင်သေးဘူး" ဟု လိုင်ဇာ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့အရေးပေါ်ကော်မတီမှ ဗိုလ်မှူးကြီးဟိန်းဝမ်က ပြောသည်။

လက်ရှိ ကိုဗစ်တတိလှိုင်း ပြင်းထန်နေသည့်အတွက် KIA ထိန်းချုပ်ရာနယ်မြေတွင်းရှိ မိဘပြည်သူများ ကျန်းမာရေးညွှန်ကြားချက်အတိုင်း လိုက်နာကြရန်လည်း ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့တွင် ယခု ပိုးတွေ့သူပေါ်လာခြင်းဖြစ်ပြီး မိုင်ဂျာယန်မြို့တွင်မူ ပိုးတွေ့လူနာ ၈၀၀ ကျော်လာပြီဖြစ်သည်။

 
 

 

 

May 8, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကို လက်ရှိဝင်ရောက်ထားတဲ့စစ်ကြောင်းတွေထဲမှာ...
May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...