Lockdown ချထားသည့် မိုင်းနား KBC စစ်ရှောင်စခန်းတွင် အစားအသောက်ထောက်ပံ့မှု လိုအပ်နေ

Lockdown ချထားသည့် မိုင်းနား KBC စစ်ရှောင်စခန်းတွင် အစားအသောက်ထောက်ပံ့မှု လိုအပ်နေ

ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရှိ KBC စစ်ရှောင်စခန်းတွင် Covid-19 ပိုးတွေ့လူနာ ၄ ဦးအထိရှိလာပြီး စခန်းကို Lockdown ချထားသောကြောင့် အစား‌အသောက်ထောက်ပံ့မှု လိုအပ်နေကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

"အစားအသောက်ထောက်ပံ့တာတွေက နည်းနည်းပါးပါးတော့ လာကြတယ်။ ဒါပေမယ့် စစ်ရှောင်က အရမ်းများတဲ့ချိန်ကျတော့ ဘယ်လိုမှ မလောက်ဘူး ခုဆိုရင် ရောဂါကြောင့် တစ်လတိတိ စခန်းကို Lockdown ချထားတယ်" ဟု စခန်းတာဝန်ခံတစ်ဦးက ပြောသည်။

မိုင်းနား KBC စစ်ရှောင်စခန်းသည် ကချင်ပြည်နယ်တွင်းရှိ စစ်ရှောင်စခန်းများအနက် လူဦးရေအများဆုံးဖြစ်ကာ အိမ်ထောင်စုအားဖြင့် (၅၃၂) အိမ်ထောင်စုရှိပြီး၊လူဦးရေ (၂၉၁၆) ဦးရှိသည်။

ယခင်က စစ်ရှောင်စခန်းမှ ပြည်သူတစ်ဦးလျှင် တစ်လ တစ်သောင်းခွဲ ရရှိနေသော်လည်း ဇူလိုင်လအတွက် ထောက်ပံ့စရိတ် မရရှိသေးကြောင်း သိရသည်။

ဇူလိုင်လ ၂၄ ရက်နေ့ ပိုးတွေ့လူနာ ၂ ဦး၊ ၂၅ ရက်နေ့တွင် ၂ ဦး ပိုးတွေ့ခဲ့သောကြောင့် လက်ရှိ မိုင်းနား KBC စစ်ရှောင်စခန်းတွင် ပိုးတွေ့လူနာ ၄ ဦး ရှိလာပြီဖြစ်သည်။

"ပိုးတွေ့လူနာရဲ့ အဆောင်နဲ့နီးတဲ့အဆောင်တွေ ဥပမာ အဆောင် ၃၁ မှာတွေ့ရင် အဆောင် ၃၀၊ ၃၂၊ ၃၃ ကပ်ရပ်အဆောင်တွေရော စခန်းတွင်း အပေါ့အပါးသွားရုံကလွှဲပြီး အပြင်မထွက်ဖို့ ထပ်ပြီး ကန့်သတ်ထားတယ်။ ဘာလို့လဲဆိုရင် စခန်းမှာက လူများတော့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကျန်းမာရေးဌာနက ညွှန်ကြားချက်အတိုင်း လုပ်ထားပါတယ်" ဟု စခန်းတာဝန်ခံက ပြောသည်။

ကိုဗစ်-၁၉ တတိယလှိုင်း ပြင်းထန်လာသည့်အတွက် အဆိုပါ စစ်ရှောင်စခန်းအား ဇူလိုင်လ ၂၁ ရက်နေ့မှစကာ Lockdown အဖြစ် ချမှတ်ထားကြောင်း သိရသည်။

 
 

 

 

May 8, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကို လက်ရှိဝင်ရောက်ထားတဲ့စစ်ကြောင်းတွေထဲမှာ...
May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...