နှာခေါင်းစည်း တစ်သိန်းကျော် နယ်စပ်တွင် ထိုင်းအာဏာပိုင်များ သိမ်းဆည်း

နှာခေါင်းစည်း တစ်သိန်းကျော် နယ်စပ်တွင် ထိုင်းအာဏာပိုင်များ သိမ်းဆည်း

ထိုင်းဘက်ခြမ်းမှ မြန်မာဘက်ခြမ်းသို့ တင်သွင်းလာသည့် နှာခေါင်းစည်း Mask တစ်သိန်းကျော်ကို ထိုင်း-မြန်မာနယ်စပ် မောတောင်-စင်ခွန်း နယ်စပ်ဂိတ်၊ ထိုင်းဘက်ခြမ်းတွင် ထိုင်းနယ်စပ်ရဲများက ဖမ်းဆီးရမိခဲ့သည်။

သစ်သီးများသယ်ဆောင်လာသည့် တိုယိုတာဟိုက်လက် မော်တော်ယာဉ်တစ်စီးကို အဆိုပါနယ်စပ်ဂိတ်ရှိ  ထိုင်းနယ်စပ်ရဲတပ်ဖွဲ့မှ စစ်ဆေးရာမှ သစ်သီးများအောက်တွင် စက္ကူဂျပ်ဖာများဖြင့် ထုတ်ပိုးထားသည့် KF94 အမှတ်တံဆိပ်ဖြင့် နှာခေါင်းစည်း MASK များကို ဇူလိုင်လ ၂၂ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့သည်ဟု ဂိတ်အနီးတွင် စျေးရောင်းနေသူတစ်ဦးက ပြောသည်။

"မျက်နှာစည်းတွေက ထိုင်းဂိတ်မှာပဲဖမ်းမိတာ အမှန်ပါပဲ၊ ပိုင်ရှင်က မြန်မာဘက်အခြမ်းကလို့ ကြားရတယ်၊ ဘယ်သူဆိုတာတော့မသိပါဘူး” ဟု ပြောသည်။

မောတောင်-စင်ခွန်းနယ်စပ်ဂိတ်သည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ရှိ နယ်စပ်ဂိတ် တစ်ခုဖြစ်သည်။

မော်တော်ယာဉ်ပေါ်တွင် KF94 တံဆိပ်နှင့် သုံးလွှာမျက်နှာစည်း စုစုပေါင်း တစ်သိန်းသုံးသောင်းကျော်အား စစ်ဆေးတွေ့ရှိခဲ့ပြီး အဆိုပါယာဉ်မောင်းအား ထိုင်းဥပဒေအရ ကန့်သတ်ပစ္စည်း သယ်ယူပို့ဆောင်မှုဖြင့် အရေးယူနိုင်ရန် ဆောင်ရွက်ထားသည်ဟု သိရသည်။

ဇူလိုင် ၁၆ ရက်နေ့မှစတင်၍ ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ တစ်နိုင်ငံလုံးမှ ရေလမ်း၊ ကုန်းလမ်း၊ လေကြောင်းလိုင်းများမှတဆင့် ကိုဗစ်-၁၉ ကာကွယ်ကုသရေးပစ္စည်းများ ပြည်ပသို့ ရောင်းချသယ်ဆောင်ခြင်းမပြုရန် အမိန့်ထုတ်ထားပြီး ထပ်ဆင့်အမိန့်စာကို ပရာကျွတ်ခီရိခန် ခရိုင်ဝန်ရုံး ထုတ်ပြန်ချက်များအရ သိရှိရသည်။

 
 

 

 

August 7, 2026
မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေများ စီးဆင်းမှုတို့ကြောင့် ရခိုင်ပြည်၊ မြေပုံမြို့နယ်...
ဓာတ်ပုံ - NMG (ပုံဟောင်း)
August 7, 2026
ကချင်ပြည်မြောက်ဖျားပိုင်း ခေါင်လန်ဖူးမြို့နယ်အတွင်း၌ စစ်အုပ်စုတပ်က အင်အားဖြည့်တင်းမှုများ...
ဓာတ်ပုံ - AFP (ပုံဟောင်း)
August 7, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခုတွင် စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အကြား စစ်ရေး...
August 6, 2026
ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင်...