မိုးညှင်းမြို့ အောက်စီဂျင်စက်ရုံ တည်ဆောက်ရေးအတွက် လိုအပ်သည့် သဲကျောက်နှင့် ဖို့မြေအတွက် မိုးညှင်းမြို့နယ်ကားသမားများ စုပေါင်းလှူဒါန်း

မိုးညှင်းမြို့ အောက်စီဂျင်စက်ရုံ တည်ဆောက်ရေးအတွက် လိုအပ်သည့် သဲကျောက်နှင့် ဖို့မြေအတွက် မိုးညှင်းမြို့နယ်ကားသမားများ စုပေါင်းလှူဒါန်း

မိုးညှင်းမြို့တွင်တည်ဆောက်မည့် အောက်စီဂျင်စက်ရုံအတွက် လိုအပ်သည့် သဲကျောက်နှင့် ဖို့မြေအတွက် မိုးညှင်းမြို့နယ် ကားသမားများက စုပေါင်းပြီးလှူဒါန်းကြောင်း သိရသည်။

“ဒီနေ့လုပ်တဲ့ ပထမဆုံးအနေနဲ့ သူတို့ဝင်းမြေညှိတဲ့နေရာမှာ မြေဖို့တဲ့တဲ့ အစီးတစ်ရာကျော်တိုက်ပြီးတော့ လုပ်ပေးတဲ့ ပထမဆုံးကုသိုလ်ပေါ့နော်” ဟု ကားသမားတစ်ဦးက ရှမ်းနီအသံကိုပြောသည်။

၎င်းတို့က အောက်စီဂျင်စက်ရုံ တည်ဆောက်ပြီးစီးသည့်အချိန်ထိ သဲ၊ ကျောက်၊ မြေလိုအပ်ချက်များကို ဖြည့်ဆည်းပေးသွားနိုင်ရန်အတွက် ပြောဆိုဆွေးနွေးမှုများရှိထားပြီဖြစ်ကြောင်း သိရသည်။

မိုးညှင်းမြို့ အောင်သပြေ (၁) တွင် အောက်စီဂျင်စက်ရုံကို တည်ဆောက်ရန်အတွက် မြေညှိထားနေပြီဖြစ်ကြောင်း သိရသည်။

 
 

 

 

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...