ကွတ်ခိုင်မြို့ရှိ ယာယီပျံကျဈေးအပေါ် ကိုဗစ်-၁၉ စည်းကမ်းနဲ့အညီ လုပ်ဆောင်ပေးဖို့ လူထုတောင်းဆို

ကွတ်ခိုင်မြို့ရှိ ယာယီပျံကျဈေးအပေါ် ကိုဗစ်-၁၉ စည်းကမ်းနဲ့အညီ လုပ်ဆောင်ပေးဖို့ လူထုတောင်းဆို

ယနေ့ ဇူလိုင် ၂၄ ရက် မနက် ၇ နာရီတွင် ကွတ်ခိုင်မြို့ ယာယီပျံကျဈေးရောင်းဝယ်မှုမှာ လူဦးရေ (၅၀၀) ကျော်ခန့်ရှိပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီက ရောင်းချခွင့်ပြုထားသည်ကို တွေ့ရပါတယ်။

ထို ယာယီပျံကျဈေး အနီးအနားရွာတွေက ဟင်းသီးဟင်းရွက်လာရောင်းကြတဲ့ ဒေသခံများ၊ စားသောက်ကုန်၊ အသားငါးနဲ့ အဝတ်အထည် အရောင်းဆိုင်တွေရှိပြီး ကွတ်ခိုင်မြို့ပေါ်က လူထုတွေရဲ့ အစားအစာဝယ်ယူနေရတဲ့ ဈေးတစ်ခုဖြစ်ကြောင်း သိရပါတယ်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက "ဒီယာယီပျံကျဈေးကို ရောင်းဝယ်နေကြတဲ့ ဒေသခံတွေအားလုံးက မှီခိုနေရတယ်။ ဒါပေမဲ့ "ကိုဗစ်" ကာလနဲ့အတူနေထိုင်ဖို့ "ကိုဗစ်"စည်းကမ်းနဲ့အညီ ရောင်းဝယ်မူအားနည်းနေတာကြောင့်အလွန်စိုးရိမ်နေရတယ်" လို့ ပြောပါတယ်။

အရောင်းအဝယ်လုပ်သူများကို ကိုဗစ်စည်းကမ်းနဲ့အညီ ၆ ပေအကွာမှာ အရောင်းအဝယ်ပြုလုပ်သင့်ကြောင်း ဈေးရောင်းသူများကို (၁၅) ရက်တစ်ခါ ကိုဗစ်စစ်ဆေးမှုများ ပြုလုပ်ပေးဖို့လဲ တောင်းဆိုပါတယ်။

ယာယီပျံကျဈေးနဲ့ပတ်သက်ပြီး ကွက်ခိုင်မြို့ရှိ အရေးပေါ်ကူညီရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီနဲ့ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

ကွတ်ခိုင်မြို့နယ်မှာလက်ရှိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း (၂၅၀) ဦးခန့်ရှိနေပြီး သေဆုံးသူ (၅) ဦးရှိကြောင်း သိရပါတယ်။

 
 

 

 

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...