ဟားခါးမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၆ ဦးထပ်တွေ့၊ လက်ရှိအချိန်ထိ ကိုဗစ်ပိုးတွေ့လူနာ စုစုပေါင်း ၂၈၂ ဦးရှိပြီဖြစ်

ဟားခါးမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၆ ဦးထပ်တွေ့၊ လက်ရှိအချိန်ထိ ကိုဗစ်ပိုးတွေ့လူနာ စုစုပေါင်း ၂၈၂ ဦးရှိပြီဖြစ်

ဟားခါးမြို့၊ ဟားခါးပြည်သူ့ဆေးရုံ၌ ဇူလိုင် ၂၃ ရက် ကိုဗစ်-၁၉ စစ်ဆေးမှုတွင် စစ်ဆေးခံရသူ ၁၅ ယောက်အနက် ၆ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိကြောင်းနှင့် ဟားခါးမြို့၌ လက်ရှိအချိန်ထိ ကိုဗစ်ပိုးတွေ့လူနာ စုစုပေါင်း ၂၈၂ ဦးရှိပြီဖြစ်ကြောင်း ဟားခါးမြို့ သင်းအုပ်ဆရာတစ်ဦးထံမှ သိရသည်။

"ဒီနေ့ကတော့ ဆေးရုံမှာပဲစစ်တယ်၊ စစ်ဆေးခံရသူက ၁၅ ယောက်ရှိတယ်၊ ကိုဗစ်ပိုးတွေ့လူနာက ၆ ဦး တွေ့ရတယ်။ ရာခိုင်နှုန်းနဲ့ဆိုရင်တော့ ၄၀% ပေါ့လေ။ ပြီးရင် အောက်ဆီဂျင်ကိစ္စကဆိုရင် ကျွန်တော်တို့က ဘာသာရေးအဖွဲ့စည်းအနေနဲ့တော့ ကြိုးစားနေပါတယ်၊ ဆေးရုံမှာ သူတို့ အောက်ဆီဂျင် ဘယ်လိုပေးကြသလဲဆိုတာကတော့ မသိဘူးပေါ့နော်။ ကျွန်တော်တို့ကလည်း အဲ့ထိတော့ မဝင်ဘူး၊ သူတို့ရဲ့ ကုသရေးပိုင်းလုပ်ငန်း ကျွန်တော်တို့က ဝင်ရောက်စွပ်ဖက်မှု မလုပ်ဘူး။ ပြီးရင် ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်ပြီးတော့ပေါ့နော် ကျွန်တော်တို့ကတော့ စီမံထားတာမရှိပါဘူး၊ အဲ့ဒါကတော့ ကျန်းမာရေးဝန်ကြီးဌာနလုပ်ငန်းဆိုတော့လေနော်" ဟု ပြောသည်။

ယနေ့ ဇူလိုင် ၂၃ ရက်နေ့အထိ ဟားခါးမြို့ ကိုဗစ်-၁၉ ကူးစက်ခံရသူ ဦးရေပေါင်း ၂၈၂ ဦး၊ ပြန်လည်ကျန်းမာလာသူ ၁၈၈ ဦး၊ ကိုဗစ်ဖြင့် သေဆုံးသူ ၇ ဦး၊ ဆေးရုံတွင် ဆက်လက်ကုသမှုခံယူသူ ၈၇ ဦး ရှိပြီဖြစ်ကြောင်းလည်း သိရသည်။

 
 

 

 

Most read this week

August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...