မိုင်းနင်းမိထိခိုက်ခဲ့သော စစ်ကောင်စီတပ်က KIA တပ်စခန်းများသို့ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်

မိုင်းနင်းမိထိခိုက်ခဲ့သော စစ်ကောင်စီတပ်က KIA တပ်စခန်းများသို့ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်

KIO ဗဟိုဌာနချုပ်အနီးသို့ စစ်ရေးလှုပ်ရှားလာသော စစ်ကောင်စီတပ်များသည် KIA ထောင်ထားသော မိုင်းနင်းမိထိခိုက်ခဲ့သောကြောင့် ယမန်နေ့ညက KIA တပ်ရှိရာနေရာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ဇူလိုင် ၂၃ ရက်နေ့က မိုင်းနှင်းမိပြီး ထိခိုက်မှုရှိသောကြောင့် ယမန်နေ့ည ၈ နာရီခန့်တွင် KIA ရှိရာတပ်များသို့ လက်နက်ကြီး ၁၂၀ မမ၊ ၆၀ မမများဖြင့် ပစ်ခတ်ခဲ့သည်ဟု KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“မနေ့က နေ့လယ်လောက်မှာ ကျနော်တို့ထောင်ထားတဲ့မိုင်းကို သူတို့ဘက်က လာနင်းမိလို့ ထိခိုက်တာရှိမှာပေါ့။ ဒါကြောင့် Hangkai Bum နဲ့ Hpun Pyen Bum က စစ်တပ်တွေက ၆၀ မမ၊ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ကျနော်တို့တပ်ရင်း ၂၄၊ ၁၉ နဲ့ ၂၅ ဘက်ကို ဒီအတိုင်း ပစ်ထည့်တာ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စစ်ကောင်စီ ဒေါ့ဖုန်းယန် (Daw Hpum Yang) တပ်စခန်း၊ ဖွန်းပန်ဘွမ့် (Hpun Pyen Bum) စခန်းနှင့် ခယာဘွမ့် (Hkaya Bum) တို့မှ လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လက်နက်ကြီးပေါက်ကွဲသံ ၅ ကြိမ် ၆ ကြိမ်ခန့်ကို လိုင်ဇာမြို့မှ ရှင်းလင်းစွာကြားခဲ့ရကြောင်း လိုင်ဇာမြို့ခံများပြောသည်။

သို့သော် ထိုလက်နက်ကြီးပစ်ခတ်မှုများကြောင့် ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ကြောင်း ထပ်မံသိရသည်။

KIO ဗဟိုဌာနချုပ်အနီး ခယာဘွမ့် (Hkaya Bum)၊ ဘွမ်ရေဘွမ့် (Bumre Bum)၊ ဖွန်းပန်ပွန့် (Hpun Pyen Bum) များတွင် အာဏာသိမ်းစစ်ကောင်စီ အင်အားအလုံးအရင်းချထားသောကြောင့် ပြင်းထန်သော တိုက်ပွဲများဖြစ်လာနိုင်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပြသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အာဏာသိမ်းစစ်ကောင်စီတို့ကြား ယခုအပတ်တွင်း ပြင်းထန်သော တိုက်ပွဲမရှိကြောင်း သိရသည်။

 
 

 

 

January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...