မိုင်းနင်းမိထိခိုက်ခဲ့သော စစ်ကောင်စီတပ်က KIA တပ်စခန်းများသို့ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်

မိုင်းနင်းမိထိခိုက်ခဲ့သော စစ်ကောင်စီတပ်က KIA တပ်စခန်းများသို့ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်

KIO ဗဟိုဌာနချုပ်အနီးသို့ စစ်ရေးလှုပ်ရှားလာသော စစ်ကောင်စီတပ်များသည် KIA ထောင်ထားသော မိုင်းနင်းမိထိခိုက်ခဲ့သောကြောင့် ယမန်နေ့ညက KIA တပ်ရှိရာနေရာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ဇူလိုင် ၂၃ ရက်နေ့က မိုင်းနှင်းမိပြီး ထိခိုက်မှုရှိသောကြောင့် ယမန်နေ့ည ၈ နာရီခန့်တွင် KIA ရှိရာတပ်များသို့ လက်နက်ကြီး ၁၂၀ မမ၊ ၆၀ မမများဖြင့် ပစ်ခတ်ခဲ့သည်ဟု KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“မနေ့က နေ့လယ်လောက်မှာ ကျနော်တို့ထောင်ထားတဲ့မိုင်းကို သူတို့ဘက်က လာနင်းမိလို့ ထိခိုက်တာရှိမှာပေါ့။ ဒါကြောင့် Hangkai Bum နဲ့ Hpun Pyen Bum က စစ်တပ်တွေက ၆၀ မမ၊ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ကျနော်တို့တပ်ရင်း ၂၄၊ ၁၉ နဲ့ ၂၅ ဘက်ကို ဒီအတိုင်း ပစ်ထည့်တာ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စစ်ကောင်စီ ဒေါ့ဖုန်းယန် (Daw Hpum Yang) တပ်စခန်း၊ ဖွန်းပန်ဘွမ့် (Hpun Pyen Bum) စခန်းနှင့် ခယာဘွမ့် (Hkaya Bum) တို့မှ လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လက်နက်ကြီးပေါက်ကွဲသံ ၅ ကြိမ် ၆ ကြိမ်ခန့်ကို လိုင်ဇာမြို့မှ ရှင်းလင်းစွာကြားခဲ့ရကြောင်း လိုင်ဇာမြို့ခံများပြောသည်။

သို့သော် ထိုလက်နက်ကြီးပစ်ခတ်မှုများကြောင့် ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ကြောင်း ထပ်မံသိရသည်။

KIO ဗဟိုဌာနချုပ်အနီး ခယာဘွမ့် (Hkaya Bum)၊ ဘွမ်ရေဘွမ့် (Bumre Bum)၊ ဖွန်းပန်ပွန့် (Hpun Pyen Bum) များတွင် အာဏာသိမ်းစစ်ကောင်စီ အင်အားအလုံးအရင်းချထားသောကြောင့် ပြင်းထန်သော တိုက်ပွဲများဖြစ်လာနိုင်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပြသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အာဏာသိမ်းစစ်ကောင်စီတို့ကြား ယခုအပတ်တွင်း ပြင်းထန်သော တိုက်ပွဲမရှိကြောင်း သိရသည်။

 
 

 

 

Most read this week

August 4, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ ရှဒေါင်ကျေးရွာတွင် အလယ်တန်းကျောင်းသားအရွယ် ကလေးများအကြား...
ပူတာအိုမြို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ကိုရဲ / Crd)
August 3, 2026
ကချင်ပြည်၊ ပူတာအိုဒေသတွင် ကုန်စည်ဝင်ရောက်မှု အခက်အခဲများကြောင့် အခြေခံ စားသောက်ကုန်...
ဓါတ်ပုံ - ပုံဟောင်း
August 3, 2026
ကချင်ပြည်၊ မြစ်ကြီးနား - ဆွမ်ပရာဘွမ် လမ်းပိုင်းရှိ လမုန်ဇွပ်စစ်တပ်ဂိတ်တွင် အမျိုးသား ၅ ဦးကို...
July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...